ကျိုင်းတုံမြို့နယ်တွင် RCSS နှင့် TYO တို့ပူးပေါင်းပြီး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် စားသုံးကုန်များဖြင့် ထပ်မံကူညီထောက်ပံ့

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PMC)မှ ကျိုင်းတုံမြို့ရှိ RCSS ဆက်ဆံရေးရုံးထံသို့ ပို့ပေးခဲ့သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြင့် RCSS နှင့် TYO တို့ပူးပေါင်းပြီး ဒေသခံပြည်သူများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် စားသုံးကုန်များဖြင့် ကူညီထောက်ပံ့ပေးကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ကျိုင်းတုံမြို့ရှိ RCSS ဆက်ဆံရေးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များ နှင့် သျှမ်းလူငယ်အဖွဲ့အစည်း TYO တို့ပူးပေါင်းပြီး သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်းပတ်ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် နေထိုင်သော တိုင်းရင်းသား ဒေသခံပြည်သူစုစုပေါင်း ၄၈၄ အိမ်ခြေအား နှာခေါင်းစည်း(Mask) ၊ လက်ဆေးရည် စသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ၊ ဆန် နှင့် စားသုံးဆီများဖြင့် သွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ RCSS ဆက်ဆံရေးရုံးသည် သျှမ်းလူငယ်အဖွဲ့အစည်း TYO နှင့် အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်းတို့နှင့် ပူးပေါင်းပြီး ၂၀၂၀ ခုနှစ် ဇွန်လ ၁၆-၁၈-၂၀-၂၁-၂၃-၂၄ ရက်နေ့များတွင် ကျိုင်းတုံမြို့နယ်တွင်းရှိ ကျေးရွားများ ၊ ကျေးရွာအုပ်စုများတွင် နေထိုင်သောဒေသခံပြည်သူများအား ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် စားသုံးကုန်များဖြင့် သွားရောက်ကူညီ အားပေးခဲ့ပါသည်။

Taifreedom 

Facebook

သတင်း