ကျိုင်းတုံမြို့နယ်တွင် RCSS မှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် စားသုံးကုန်များဖြင့် ကူညီထောက်ပံ့

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် RCSS ဆက်ဆံရေးရုံးတာဝန်ရှိပုဂ္ဂိုလ်များ ၊ အုပ်ချုပ်ရေး တာဝန်ရှိပုဂ္ဂိုလ်များ တို့ပူးပေါင်းပြီး ဒေသခံပြည်သူများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် စားသုံးကုန်များဖြင့် ကူညီထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PMC)မှ ကျိုင်းတုံမြို့ရှိ RCSS ဆက်ဆံရေးရုံးထံသို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးပို့ခဲ့သဖြင့် ဆက်ဆံရေးရုံးတာဝန်ရှိပုဂ္ဂိုလ်များ ၊ အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များတို့ပူးပေါင်းပြီး သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အမှတ် ၄ ရပ်ကွက်  ဝမ်စွန်ကျောင်းကျေးရွာ၊ယန်းကုန်းကျေးရွာ တည်ရှိသည့် ဒေသခံပြည်သူများအား နှာခေါင်းစည်း(Mask)များ ၊ လက်ဆေးရည်များ ၊ ပိုးသတ်ဆေးများ စသည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ကုန်များ သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

အလားတူစွာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင်လည်း RCSS ဆက်ဆံရေးရုံးတာဝန်ရှိပုဂ္ဂိုလ်များ ၊ အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များတို့ပူးပေါင်းပြီး သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စုတွင်းရှိ ကျေးရွာများတွင် နေထိုင်သော ဒေသခံပြည်သူများအား ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ကုန်များ သွားရောက်ကူညီထောက်ပံ့ပေးခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင်လည်း သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်းကျင်းကျေးရွာအုပ်စုတွင်လည်းကောင်း ဇွန်လ ၁၈ ရက်နေ့၌ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စုတွင်လည်းကောင်း ဇွန်လ ၁၆ ရက်နေ့၌ ကျိုင်းတုံခရိုင် လွယ်မွေမြို့နယ် မိုင်းငွန်းကျေးရွာအုပ်စုနှင့် မိုင်းကိုင်ကျေးရွာအုပ်စုတွင်လည်းကောင်း RCSSဆက်ဆံရေးရုံးတာဝန်ရှိပုဂ္ဂိုလ်များ ၊ အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များ နှင့် သျှမ်းသူငယ်အဖွဲ့အစည်း TYO တို့ပူးပေါင်းပြီး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ကုန်များ သွားရောက်ကူညီထောက်ပံ့ပေးခဲ့သည်။

Taifreedom

Facebook

သတင်း