ကျိုင်းတုံမြို့ဒေသခံနှင့် RCSS ဆက်ဆံရေးရုံးတို့ ပူးပေါင်းကျင်းပမည့် ကျိုင်းတုံသစ်ပင်စိုက်ပွဲတော် တပ်မတော်မှ သတိပေးဟန့်တား ကျိုင်းတုံသစ်ပင်စိုက်ပွဲတော် တပ်မတော်ဟန့်တားခြင်းခံရ

သျှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်း သစ်တောသစ်ပင်များ ဖုံးလွမ်း၍ အေးချမ်းသာယာ စိုပြေ စေရေးအတွက် ရည်ရွယ်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ကျိုင်းတုံ ဆက်ဆံရေးရုံးမှ ကြီးမှူးကာ ယနေ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျင်းပမည့် ကျိုင်းတုံမြို့နယ် သစ်ပင်စိုက်ပွဲတော်ကို တပ်မတော်၏ ဟန့်တားခြင်းခံခဲ့ရကြောင်း သိရှိရသည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက RCSS ကျိုင်းတုံဆက်ဆံရေးရုံး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းစိုးအား ဇူလိုင်လ ၂ ရက်နေ့တွင် တွေ့ဆုံကာ သစ်ပင်စိုက်ပွဲတော် ကျင်းပမည့် အစီအစဥ်အသေးစိတ်ကို မသိရှိရသည်ကို အကြောင်းပြပြီး  တပ်မတော်၏ ဂုဏ်သိက္ခာကို ငဲ့ညှာ၍ လုပ်ဆောင်ရန်လိုအပ်ကြောင်း တပ်မတော်ဘက်က   ယခုလို ဟန့်တားသတိပေးခဲ့ကြောင်း သိရသည်။


ကျိုင်းတုံမြို့ဒေသခံနှင့် RCSS ဆက်ဆံရေးရုံးတို့ ပူးပေါင်းကျင်းပမည့် ကျိုင်းတုံသစ်ပင်စိုက်ပွဲတော် တပ်မတော်မှ သတိပေးဟန့်တား ကျိုင်းတုံသစ်ပင်စိုက်ပွဲတော် တပ်မတော်ဟန့်တားခြင်းခံရ



တပ်မတော်၏ ဟန့်တားမှုနှင့် ပတ်သက်၍ ယနေ့နံနက် ၇ နာရီအချိန်တွင် RCSS တာဝန်ရှိသူများနှင့် ပြည်သူလူထု တို့ ဆောင်းပျက် ဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံပွဲပြုလုပ်ပြီး RCSS တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးခြင်း၏ ကောင်းကျိုးများ နှင့် သဘာဝက လက်ဆောင်ပေးထားသည့် သစ်တောသစ်ပင် များကို ထိန်းသိမ်းကာကွယ်ရန် တိုက်တွန်းစကားများ ပြောကြားခဲ့ပြီး ထိုသစ်ပင်စိုက်ပွဲတော်ကို သံဃာတော်များ၊ ဒေသခံများ၊ လူမှုအဖွဲ့အစည်းများ နှင့် အစိုးရ သစ်တောရုံးမှ တာဝန်ရှိသူတို့ ပူးပေါင်းကာ အဆိုပါ သစ်ပင်များကို သတ်မှတ်နေရာများ တွင် အစီအစဥ်အတိုင်း ဆက်လက်စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

          ကျိုင်းတုံမြို့ဒေသခံနှင့် RCSS ဆက်ဆံရေးရုံးတို့ ပူးပေါင်းကျင်းပမည့် ကျိုင်းတုံသစ်ပင်စိုက်ပွဲတော် တပ်မတော်မှ သတိပေးဟန့်တား ကျိုင်းတုံသစ်ပင်စိုက်ပွဲတော် တပ်မတော်ဟန့်တားခြင်းခံရ

သစ်ပင်စိုက်မည့် နေရာများမှာ ကျိုင်းတုံမြို့နယ် ကတ်တောင်အုပ်စု ဝမ်ညှင်း(ဘက) ပညာရေး ဘုန်းတော်ကြီးကျောင်း၊ ကတ်ဖအုပ်စု သျှမ်းအမျိုးသား စာသင်ကျောင်း ၊ မိုင်းလပ်အုပ်စု သစ်ဝမ်ကန်ရွာအနီး တိုင်းနေသုဿာန်တို့တွင် သစ်ပင်အမျိုးအစားပေါင်း (၈၀၀) ကျော်တို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျိုင်းတုံမြို့ဒေသခံနှင့် RCSS ဆက်ဆံရေးရုံးတို့ ပူးပေါင်းကျင်းပမည့် ကျိုင်းတုံသစ်ပင်စိုက်ပွဲတော် ဖွင့်ပွဲတွင် RCSS မှ PMC ခေါင်းဆောင် ဗိုလ်ချုပ်ပေါင်ခေး တက်ရောက်ရန် ဖိတ်ကြားခြင်း ခံရကြောင်း သိရသည်။

Taifreedom

primi sui motori con e-max

Facebook

သတင်း