ကျိုင်းတုံမြို့တွင် သျှမ်းလူငယ်ချစ်ကြည်ရေး နှင့် မူးယစ်ဆေးဝါးကင်းစင်ရေးဘောလုံးပြိုင်ပွဲ ပြုလုပ်ကျင်းပ

သျှမ်းလူငယ်ချစ်ကြည်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင်ရေးဘောလုံးပြိုင်ပွဲအား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီမှဦးဆောင်၍ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၏ မြို့မအားကစားကွင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပြိုင်ပွဲအဖွင့်ပွဲအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင်ပြုလုပ်ခဲ့ပြီး ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးတင်မြင့်၊ ရပ်မိရပ်ဖများ ၊ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကော်မတီအဖွဲ့ဝင်များ ၊ မြို့နယ်ဘောလုံးအသင်းအသီးသီးမှ ကစားသမားများ နှင့် မြို့နယ်အသီးသီးမှ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးတင်မြင့် နှင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကော်မတီ ဥက္ကဋ္ဌ လုံစိုင်းရှဲန်တွီ တို့မှ သျှမ်းလူငယ်ချစ်ကြည်ရေး နှင့် မူးယစ်ဆေးဝါးကင်းစင်ရေးဘောလုံးပြိုင်ပွဲ အဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်ပေးပြီးနောက် ကျိုင်းတုံဘောလုံးအသင်း နှင့် မူဆယ်ဘောလုံးအသင်းတို့မှ ဘောလုံးစတင်ပြိုင်ဆိုင်ကစားခဲ့ပြီး ကျိုင်းတုံအသင်းမှ မူဆယ်အသင်း အား ၅ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် မူဆယ်အသင်းနှင့် နမ့်ပေါင်း အသင်းတို့ဘောလုံးကန်ပြိုင်ဆိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း