ကျိုင်းတုံမြို့တွင်း တိုင်းရင်းသားနိုင်ငံရေးပါတီအဖွဲ့ဝင်များအား CID နှင့် စ ၃ လုံးတို့မှ နေအိမ်အထိ လာရောက်စစ်ဆေး

သျှမ်းပြည်အ‌ရှေ့ပိုင်း ကျိုင်းတုံမြို့တွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီအဖွဲ့ဝင်များအား သျှမ်းပြည် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၏ အမိန့်အရ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ (CID)နှင့် အထူစုံစမ်းစစ်ဆေးရေးအဖွဲ့(စ ၃ လုံး)တိုမှ နေအိမ်အထိ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၉ ခုနှစ် စတင်ဘာလတွင်းတွင် သျှမ်းပြည်အ‌ရှေ့ပိုင်း ကျိုင်းတုံမြို့တွင် သျှမ်းပြည် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၏ အမိန့်အရ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ (CID)နှင့် အထူစုံစမ်းစစ်ဆေးရေးအဖွဲ့(စ ၃ လုံး)တိုမှ မြို့နယ်တွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီ အဖွဲ့ဝင်များအား နေအိမ်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်မှုရှိ မရှိ သွားရောက်စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ပြီး မြို့နယ်တိုင်းရင်းသားနိုင်ငံရေးပါတီ ဗဟိုအလုပ်အမှုဆောင် ၃၁ ဦး၏ ကိုယ်ရေးရာဇဝင်စစ်ဆေးခြင်း နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ သတင်းအချက်အလက်ရရှိပါက သက်ဆိုင်ရာဌာနသို့ အချိန်မီလာအကြောင်းကြားရန် မှာကြားသွားခဲ့ကြောင်း သိရသည်။

၎င်းစစ်ဆေးမှုတွင် သျှမ်းပြည် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲနိုင်မှ  ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ (CID)၊ အထူစုံစမ်းစစ်ဆေးရေးအဖွဲ့(စ ၃ လုံး)နှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တို့အား အမိန့်ပေးခဲ့ပြီး ယခုအချိန်တွင် CID နှင့် စ ၃ လုံးသာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)သည် စစ်ဆေးမှုတွေ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း