ကျားဖြူပါတီ၏လုပ်ရပ်အား သျှမ်းလူငယ်အဖွဲ့အစည်းများ ၊ သျှမ်းတိုင်းရင်းသားများ စာပေနှင့် ယဥ်ကျေးမှုကော်မတီများမှ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ပြုလုပ်ကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (သို့) ကျားဖြူပါတီး ( SNDP ) ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သျှမ်းလူငယ်အဖွဲ့အစည်းများ ၊ သျှမ်းတိုင်းရင်းသားများ စာပေနှင့် ယဥ်ကျေးမှုကော်မတီများမှ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

သဘောထားထုတ်ပြန်ကြေညာချက်အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြောညာခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြမှုများ ၊ ပြည်သူ့ဝန်ထမ်းများမှ (CDM) ပြုလုပ်နေစဥ် ရှမ်းတိုင်ရင်းသားများဒီမိုကရက်တစ်ပါတီ(သို့) ကျားဖြူပါတီ (SNDP) အနေဖြင့် ၎င်းတို့၏ စိတ်သဘောဆန္ဒဖြင့် အာဏာသိမ်းစစ်ကောင်စီမှဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အစည်းအဝေးသို့ တက်ရောက်ခြင်းသည် စစ်အာဏာသိမ်းခြင်းအား အသိအမှတ်ပြုရာကောက်သည်ဟု ရေးသားထားပါသည်။

ဆက်လက်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်းကောင်း ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်းကောင်း ရှမ်းတိုင်ရင်းသားများဒီမိုကရက်တစ်ပါတီ(သို့) ကျားဖြူပါတီ (SNDP) သည် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် တစ်နေရာသာ အနိုင်ရရှိခဲ့ပြီး (UEC) အစည်းအဝေးသို့တက်ရောက်ခြင်းသည် မိမိတို့၏ သျှမ်းတိုင်းရင်းသား မိဘပြည်သူများအား လုံးဝကိုယ်စားမပြုကြောင်း နှင့်  ရှမ်းတိုင်ရင်းသားများဒီမိုကရက်တစ်ပါတီ(သို့) ကျားဖြူပါတီ (SNDP)၏ လုပ်ရပ်များသည် သျှမ်းတိုင်းရင်းသားများနှင့် သျှမ်းပြည်သူ/ပြည်သားများအား စော်ကားလိုက်ခြင်းသာဖြစ်သောကြောင့် ၎င်းလုပ်ရပ်များအား ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း သျှမ်းလူငယ်အဖွဲ့အစည်းများ ၊ သျှမ်းတိုင်းရင်းသားများ စာပေနှင့် ယဥ်ကျေးမှုကော်မတီများစုစုပေါင်း အဖွဲ့အစည်း ၁၀ ဖွဲ့မှ သဘောထားထုတ်ပြန်ကြေညာခဲ့ပါသည်။

ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ကြေညာခဲ့သည့် သျှမ်းလူငယ်အဖွဲ့အစည်းများ ၊ သျှမ်းတိုင်းရင်းသားများ စာပေနှင့် ယဥ်ကျေးမှုကော်မတီများမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် (TYN) ၊ သျှမ်းလူငယ်အဖွဲ့ (TYO) ၊ ထိုင်းနိုင်ငံ – ရှမ်းတိုင်းရင်းသားများအသင်း (TNC)၊ သျှမ်းကျန်းမာရေးမိသားစု (Tai Medical Family) ၊ သျှမ်းတိုင်းရင်းသားများ စာပေနှင့်ယဥ်ကျေးမှုကော်မတီ တက္ကသိုလ်များ – ပင်လုံ ၊ သျှမ်းတိုင်းရင်းသားများ စာပေနှင့်ယဥ်ကျေးမှုကော်မတီ တက္ကသိုလ်များ – ရန်ကုန် ၊ သျှမ်းတိုင်းရင်းသားများ စာပေနှင့်ယဥ်ကျေးမှုကော်မတီ တက္ကသိုလ်များ – မန္တလေး ၊ သျှမ်းတိုင်းရင်းသားများ စာပေနှင့်ယဥ်ကျေးမှုကော်မတီ တက္ကသိုလ်များ – မိုးညှင်း ၊ သျှမ်းတိုင်းရင်းသားများ စာပေနှင့်ယဥ်ကျေးမှုကော်မတီ တက္ကသိုလ်များ – တောင်ကြီး နှင့် သျှမ်းတိုင်းရင်းသားများ စာပေနှင့်ယဥ်ကျေးမှုကော်မတီ တက္ကသိုလ်များ – ကျိုင်းတုံစသည့်အဖွဲ့အစည်းတို့ ဖြစ်ပါသည်။

အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ပြုလုပ်ကျင်းပသည့်တွေ့ဆုံပွဲအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေပြည်တော်ရှိ ပြည်ထောင်စုရေါးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်ကျင်းပခဲ့ပြီး ရှမ်းတိုင်ရင်းသားများဒီမိုကရက်တစ်ပါတီ(သို့) ကျားဖြူပါတီ (SNDP)အပါအဝင် နိုင်ငံရေးပါတီစုစုပေါင်း ၅၃ ပါတီတက်ရောက်ခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ စုစုပေါင်း ၃၈ ပါတီ တက်ရောက်မှုမရှိကြောင်း သိရှိရပါသည်။

Taifreedom

Facebook

သတင်း