ကိုလိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ခံရသူ ၂ ဦးထပ်မံတွေ့ရှိ

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ကိုလိုနာဗိုင်းရပ်စ် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံရသူ ၂ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယနေ့ ၂၀၂၀ ခုနှစ် မတ်လ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင် ထုန်ပြန်ကြေညာခဲ့သည်။

COVID-19 ရောဂါပိုးကူးစက်ခံရသော လူနာနှစ်ဦးမှာ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အသက် (၃၃)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ရန်ကုန်တိုင်း‌ဒေသကြီး မဂႅလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက်(၆၉)နှစ် အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လူနာ ၂ဦးမှ အသက် (၃၃)နှစ်အရွယ် အမျိုးသားသည် အမေရိကန်နိုင်ငံမှ ပြည်ထောင်စုမြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာပြီး ၂၀၂၀ ခုနှစ် မတ်လ ၂၂ ရက်နေ့မှစ၍ ချောင်းဆိုးခြင်း အဖျားတက်ခြင်း မောပန်းခြင်း စသည့် လက္ခဏာများခံစားရပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့လာရောက်ပြသရာ ကန်တော်နဒီဆေးရုံသို့ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် လွှဲပြောင်းကုသလျက်ရှိပြီး အသက်(၆၉)နှစ် အရွယ်အမျိုးသားသည် နှာခေါင်းကင်ဆာရောဂါအား သြစတြေးလျနိုင်ငံသို့ ၁ လခန့် ဆေးကုသမှုခံယူပြီး အပြန်စကႅာပူနိုင်ငံတွင် (၄) ရက်ခန့်နေထိုင်ပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံသို့ ၂၀၂၀ ခုနှစ် မတ်လ ၁၄ ရက်တွင်ပြန်လည်ရောက်ရှိလာပြီး ၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်နေ့မှ စ၍ ချောင်းဆိုးခြင်း ၊ အဖျားတက်ခြင်း ၊ မောပန်းခြင်းစသည့် လက္ခဏာများခံစားရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ်သီးခြားထား၍ အထူးကြပ်မတ်ခန်း(ICU)တွင် ကုသမှုခံယူလျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Coronavirus Disease 2019(COVID-19) ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုန်ပြန်ချက်တွင် ပါရှိပါသည်။

ယခုလက်ရှိအချိန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတွင်း ကိုလိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ခံရသူ ၅ ဦးတွေ့ရှိထားပြီး သံသယနှင့် စောင့်ကြည်လူနာ စုစုပေါင်း (၂၇၅) ဦးရှိကြောင်း သိရှိရပါသည်။

Taifreedom

Facebook

သတင်း