ကိုရိုနာကပ်ဘေးကြားက မိုင်းကိုင်တွင် စစ်ရှောင် ၂၅၀၀ ကျော်အထိရှိလာ

သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့က သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား အင်အားအလုံးအရင်းဖြင့် အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၁၅) ရွာခန့်မှ ဒေသခံ ၂၅၀၀ ကျော် မိုင်းကိုင်မြို့ပေါ်သို့ စစ်ရှောင်နေ‌ရသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် မိုင်းခွန်ကျေးရွာအုပ်စုအတွင်း၌ ပစ်ခတ်သံများ ကြားရသဖြင့် မိုင်းခွန်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများ မိုင်းကိုင်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း နှင့် ဆွေမျိုးများထံ အိုးအိမ်စွန့်ခွာ ထပ်မံစစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း အမည်မဖော်လိုသူ မိုင်းကိုင်ဒေသခံတစ်ဦးက Taifreedom သတင်းဌာနသို့ ယခုလိုပြောကြားခဲ့သည်။

ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့အထိ မိုင်းကိုင်တွင် စစ်ဘေးရှောင်ဦးရေ ၂၅၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကိုရိုနာကပ်ဘေးကြားက မိုင်းကိုင်တွင် စစ်ရှောင် ၂၅၀၀ ကျော်အထိရှိလာ

Taifreedom သတင်းဌာနသို့ သတင်းပေးပို့ချက်အရ ဝမ်ဟွေ့လုံကျေးရွာအုပ်စု နောင်လီကျောင်းတွင် စစ်ဘေးရှောင်ဦးရေ (၉၂၁) ဦး၊ ပန်လှိုင်ကျောင်းတွင် (၆၄) ဦး၊ ဝမ်ဟွေ့လုံကျောင်းတွင် (၁၀၀) ခန့်၊ ဝမ်လှိုင့်ကျောင်းတွင် (၁၃၀၀) ကျော် နှင့် ပြိုင်ဆာကျေးရွာစာသင်ကျောင်းတွင် (၈၅) ဦးရှိပြီး မိုင်းကိုင်မြို့တွင်းရှိ နီးစပ်ရာဆွေမျိုးများထံ၌လည်း ခိုလှုံနေရကြောင်း သိရသည်။

စစ်ရှောင်ဦးရေများပြားသောကြောင့် နေရာထိုင်ခင်းမလုံလောက်သဖြင့် အများစုမှာ ရွက်ဖျင်တဲထိုးပြီး နေထိုင်ရကြောင်း သိရသည်။

“စစ်ရှောင်တွေက ခုလောလောဆယ်တော့ မိုးကာရယ်၊ စားနပ်ရိက္ခာတွေရယ်၊ ပြီးတော့ ဆေးဝါးတွေ နှာခေါင်းစည်းတွေ လိုအပ်နေတယ်၊ အထူးသဖြင့် မိုးကာပိုလိုတယ်၊ ဘာလို့လဲဆိုတော့ တဲထိုးပြီးနေရတာ မိုးရွာရင်မလွတ်ဘူးဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ အမျိုးသားတစ်ဦးကပြောသည်။

ကိုရိုနာကပ်ဘေးကြားက မိုင်းကိုင်တွင် စစ်ရှောင် ၂၅၀၀ ကျော်အထိရှိလာ

စစ်ဘေးရှောင်များကို ကူညီလိုပါက စိုင်းဆိုင်ဟန် ၀၉၄၅၉၀၀၃၃၆၃၊ လုံးစိတ္တ (ဝမ်ဟွေ့လုံကျေးရွာ ဉက္ကဋ္ဌ) ၀၉၄၉၃၇၂၂၈၅ နှင့် စိုင်းလိန် ၀၉၇၇၈၇၇၇၃၇၂ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။

ဒေသတွင်း တိုက်ပွဲများကြောင့် ဇူလိုင်လ ၈ ရက်နေ့ကတည်းက မိုင်းခွန်ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံ (၇၀၀) ကျော်ဟာ ဝမ်ဟွေ့လုံကျေးရွာအုပ်စုအတွင်းသို့ စစ်ရှောင်နေရခြင်း ဖြစ်သည်။

ကိုရိုနာကပ်ဘေးကြားက မိုင်းကိုင်တွင် စစ်ရှောင် ၂၅၀၀ ကျော်အထိရှိလာ

ကိုရိုနာကပ်ဘေးကြားက မိုင်းကိုင်တွင် စစ်ရှောင် ၂၅၀၀ ကျော်အထိရှိလာ

ကိုရိုနာကပ်ဘေးကြားက မိုင်းကိုင်တွင် စစ်ရှောင် ၂၅၀၀ ကျော်အထိရှိလာ

ကိုရိုနာကပ်ဘေးကြားက မိုင်းကိုင်တွင် စစ်ရှောင် ၂၅၀၀ ကျော်အထိရှိလာ

Taifreedom

Facebook

သတင်း