ကလေးသူငယ်ကာကွယ်ရေး ပဏာမသဘောတူစာချုပ်အား RCSS/SSA လက်မှတ်ရေးထိုး

သျှမ်းနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အနေဖြင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA မှ ကလေးသူငယ်ကာကွယ်ရေး ပဏာမသဘောတူစာချုပ်(deed of commitment on child protection) လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားအား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၆း၀၀ နာရီခန့်၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဗဟိုဌာနချုပ်တွင်ပြုလုပ်ခဲ့ပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ၊ ဒုတိယ ဥက္ကဋ္ဌ-၂ ဗိုလ်ချုပ်‌ ခေးငင်း၊RCSS ဌာနဆိုင်ရာ အကြီးအကဲများ ၊ Geneva Call ဥက္ကဋ္ဌ Mr.Alair Delefres၊ Geneva Call ကိုယ်စားလှယ်များ ၊ ILO ကိုယ်စားလှယ်များ နှင့် Save The Children ကိုယ်စားလှယ်များ ၊ပြည်တွင်းပြည်ပမှ တိုင်းရင်းသားများ ၊ တပ်ရင်းအသီးသီးမှ တပ်သားများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ကာကွယ်ရေး ၊ အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးသူငယ်များ စစ်မှုးထမ်းခြင်း ပပျောက်ရေး ၊ သျှမ်းပြည်တွင်း ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှု ပပျောက်ရေး ၊ သျှမ်းပြည်တွင်း လူအခွင့်အရေးချိုးဖောက်မှု ပပျောက်ရေး နှင့် ၂၁၁၄ ခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အနေဖြင့် ကလေးသူငယ်ကာကွယ်ရေး ပဏာမသဘောတူစာချုပ်(deed of commitment on child protection)  လက်မှတ်ရေးထိုးခဲ့တာဖြစ်ကြောင်း အမှာစကားပြောကြား ရှင်းပြခဲ့ပါသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် အမှာစကားပြောကြားပြီးနောက် Geneva Call ဥက္ကဋ္ဌ Mr.Alair Delefres မှလည်း အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိပုဂ္ဂိုလ်မှ သဘောတူစာချုပ်တွင်း ပါရှိသည့် ကျင့်ဝတ်များအား ဖတ်ရှု့ခဲ့ပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် Geneva Call ဥက္ကဋ္ဌ Mr.Alair Delefres တို့အတူ ကလေးသူငယ်ကာကွယ်ရေး ပဏာမသဘောတူစာချုပ်(deed of commitment on child protection)  လက်မှတ်ရေးထိုးခဲ့ပြီး အခမ်းအနားအား အောင်မြင်ပြီးမြောက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း