ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်တိုင်းလျဲန်းရှိ သျှမ်းအမျိုးသားကျောင်း တွင် စည်ကား သိုက်မြိုက်စွာကျင်းပ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ပညာရေးဖော်ဆောင်ရေး ကော်မတီမှ ကြီးမှူးကျင်းပ၍ ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို လွိုင်တိုင်းလျဲန်းဌာနချုပ်ရှိ သျှမ်းအမျိုးသားကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ကလေးများနေ့အခမ်းအနားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၂ ရက်တာ ကျင်းပခဲ့ရာ ဇန်နဝါရီလ ၉ ရက်နေ့ ဖွင့်ပွဲနေ့တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စိုင်းယီမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ၂ ရက်တာကျင်းပသည့် အခမ်းအနားသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဒုတိယဥက္ကဋ္ဌ-၂ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ၊ အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး သီရိ ၊ ဒုတိယ ဗိုလ်မှူးကြီး အောင်မြ ၊ ပညာရေးဖော်ဆောင်ရေး ကော်မတီ မှ တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ကျောင်းသားကျောင်းသူများ နှင့် ကျောင်းသားမိဘများအပါအဝင် လူဦးရေ ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်တိုင်းလျဲန်းရှိ သျှမ်းအမျိုးသားကျောင်း တွင် စည်ကား သိုက်မြိုက်စွာကျင်းပ

အခမ်းအနားတွင် သျှမ်းအမျိုးသားကျောင်းမှ ကျောင်းသူကျောင်းသူများက အားကစား ပြိုင်ပွဲများ ၊ စာပေပြိုင်ပွဲများ နှင့် ယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ပြီး ဆုရကျောင်းသားကျောင်းသူများအား ဆုချီမြှင့်သည့်အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဌာနချုပ် လွိုင်တိုင်းလျဲန်းတွင်သာမက RCSS/SSA ထိန်းချုပ်နယ်မြေ အသီးသီးတွင်လည်း ကျင်းပလျှက်ရှိကြောင်း သိရသည်။

Taifreedom

Facebook

သတင်း