ကရင်ပြည်နယ်ရှိ သျှမ်းတိုင်းရင်းသားများ ရိုးရာကောက်သစ်စားပွဲနှင့် မီးရှူးလွှတ်ပွဲကျင်းပ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ သျှမ်းတိုင်းရင်းသားများစုပေါင်း၍ ရေလယ်ကျေးရွာ တွင် ရိုးရာကောက်သစ်စားပွဲနှင့် မီးရှူးလွှတ်ပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိ သည်။

ထိုရိုးရာပွဲတော်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ၂ ရက်တိုင်တိုင် ကျင်းပခဲ့ရာ သံဃာတော်များ ၊ ရပ်မိရပ်ဖများ ၊ မြို့နယ်အသီးသီးမှ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ကိုယ်စားလှယ်များ နှင့် ရပ်နီးရပ်ဝေးမှ သျှမ်းတိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။

ကရင်ပြည်နယ်ရှိ သျှမ်းတိုင်းရင်းသားများ ရိုးရာကောက်သစ်စားပွဲနှင့် မီးရှူးလွှတ်ပွဲကျင်းပ

ဖွင့်ပွဲနေ့တွင် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း (ရေလယ်ကျေးရွာ) ဥက္ကဋ္ဌ နှင့် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း (ကရင်ပြည်နယ်) ဥက္ကဋ္ဌ တို့မှ အဖွင့်အမှာစကားပြောကြားပြီး ကိန္နရီ ကိန္နရာ တိုးနယား ၊ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (ဘားအံ)မှ မောင်မယ်များ နှင့် သျှမ်းလူငယ်မောင်မယ်များက သျှမ်းရိုးရာအကအလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီအချိန်တွင် သျှမ်းရိုးရာကောက်သစ်စားပွဲနှင့် မီးရှူးလွှတ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက် နှင့် ကောက်သစ်စားပွဲဖြစ်ပေါ်လာခြင်း စသည်တို့ကို ရပ်မိရပ်ဖတစ်ဦးက ရှင်းလင်းအမှာစကားပြောကြားပြီးနောက် သံဃာတော်များ ၊ ရပ်မိရပ်ဖများ နှင့် ဧည့်ပရိတ်သတ်များစုပေါင်းကာ ဗုဒ္ဓ မြတ်စွာဘုရားကို ရည်မှန်း၍ မီးရှူးပူဇော်ခဲ့ကြပြီး ဆရာတော် သံဃာတော်များက ဆုံးမဩဝါဒတရားတော် ဟောကြားခဲ့သည်။

ကရင်ပြည်နယ်ရှိ သျှမ်းတိုင်းရင်းသားများ ရိုးရာကောက်သစ်စားပွဲနှင့် မီးရှူးလွှတ်ပွဲကျင်းပ

ယခု သျှမ်းရိုးရာ ကောက်သစ်စားပွဲနှင့် မီးရှူးလွှတ်ပွဲကျင်းပသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ရေလယ်ကျေးရွာတွင် သျှမ်းတိုင်းရင်းသားများသာနေထိုင်ကြပြီး အိမ်ခြေ ၂၂၀ ရှိကာ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သျှမ်းတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာ ၁၂ ရွာရှိကြောင်း သိရသည်။

သျှမ်းရိုးရာ ကောက်သစ်စားပွဲနှင့် မီးရှူးလွှတ်ပွဲတော်ကိုလည်း သျှမ်းတိုင်းသားများ စုပေါင်းပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ရေလယ်ကျေးရွာတွင် နှစ်စဉ်ကျင်းပခဲ့ရာ ယခု ၂၀၂၀ ခုနှစ်တွင် သုံးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း