ကမ္ဘောဇ Kan Baw Za နှင့် ပတ်သတ်ခြင်းမရှိကြောင်း ကမ္ဘောဇတိုင်းဂျာနယ် အသိပေးစာစောင်ပေးပို့

လူမှုကွန်ရက် Facebook Page စာမျက်နှာပေါ်တွင် မဟုတ်မမှန် သတင်းတု သတင်းမှားများတင်ဆက်နေသည့် ကမ္ဘောဇ Kan Baw Za နှင့် ပတ်သတ်ခြင်းမရှိကြောင်း ကမ္ဘာဇတိုင်း သတင်းဂျာနယ်မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ထံသို့ အသိပေးစာစောင်ပေးပို့ ခဲ့ကြောင်း သိရှိရသည်။

အသိပေးစာစောင်တွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင် သတင်းဂျာနယ် ထုတ်ဝေဖြန့်ချီနေသော သတင်းဌာနတစ်ခုဖြစ်ပြီး အွန်းလိုင်းမှတဆင့် www.kanbawzatainews.com ဝက်ဘက်ဆိုက်စာမျက်နှာအပြင် လူမှုကွန်ရက် Facebook  Page စာမျက်နှာဖြစ်သော www.facebook.com/kanbawzata/ နှင့် www.facebook.com/kbztai/ တို့မှ သတင်းပုံမှန် ထုတ်လွင့်တင်ဆက်နေကြောင်း ရေးသားထားပါသည်။

မှတ်ချက် – ဓါတ်ပုံပါ စာရွက်စာတမ်းတွင် ၂၀၂၀ ခုနှစ် သြဂုတ်လ ၆ ရက်နေ့အား ၂၀၁၉ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ဟု မှား၍ ရေးသားထားပါသည်။

ထို့အပြင် မိမိတို့ ကမ္ဘောဇတိုင်းသတင်းဂျာနယ်နှင့် အမည်ဆင်တူရိုးမှား “ကမ္ဘောဇ Kan Baw Za “  ဆိုသည့်အမည်ဖြင့် လူမှုကွန်ရက် Facebook Page စာမျက်နှာပေါ်တွင် မဟုတ်မမှတ် သတင်းတု သတင်းမှားများ တင်ဆက်နေသည်ကို တွေ့ရှိရသဖြင့် ယင်းလူမှုကွန်ရက်စာမျက်နှာနှင့် မိမိတို့ ကမ္ဘောဇတိုင်းသတင်းဂျာနယ်နှင့် သက်ဆိုင်ခြင်းမရှိကြောင်း စာအမှတ် ၂၀၂၀ / ၀၇ / တိုင်းရင်းသား ဖြင့်  ၂၀၂၀ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခဲ့ပါသည်။

ကမ္ဘောဇ Kan Baw Za အမည်ဖြင့် Facebook Page သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA အပေါ်  မဟုတ်မမှန်သောသတင်းများ တီထွင်ပြီး နည်းအမျိုးမျိုးဖြင့် Facebook Page စာမျက်နှာပေါ်တွင် မဟုတ်မမှန် သတင်းတု သတင်းမှားများ တင်ဆက်နေကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း