TNLA မှ ကျေးရွာပတ်ဝန်းကျင်တစ်ဝှက်မိုင်းထောင်ရုံသာမက ဒေသခံပြည်သူများအား ကျေးရွာပြင်ပဧရိယာသို့ မသွားရန် အဓမ္မပိတ်ပင်တားမြစ်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်းရှိ ပန်မတ်မီးကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့၌ TNLA တပ်ဖွဲ့မှ ကျေးရွားပတ်ဝန်းကျင်အနီးတစ်ဝှက်တွင် မိုင်းထောင်ထားပြီး ကျေးရွာပြင်ပရှိ လယ်ယာနှင့် ခြံများတွင် အလုပ်မသွားကြရန် ဒေသခံရွာသူရွာသာများအား အဓမ္မပိတ်ပင်တားမြစ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒါအပြင် ပြီးခဲ့သည့် ၂၀၁၉ အောက်တိုဘာလ ၁၃-၁၄ ရက်နေ့တွင်လည်း မြန်မာ့တပ်မတော်သည် စစ်ရေးလှုပ်ရှားမှုဖြင့် ကျောက်မဲမြို့မှ ညောင်ပန်လှ‌ကျေးရွာသို့ ရောက်ရှိနေသည်ဟု TNLA တပ်ဖွဲ့တို့ သတင်းရရှိပြီး လွိုင်ရင် နှင့် ညောင်ပန်လှကျေးရွာအကြားရှိ လမ်းများတွင် TNLA တပ်ဖွဲ့မှ အင်အားဖြည့်တင်း၍ ထောင်မိုင်းများယခင်ထက်ပိုမိုပြီး လိုက်လှံထောင်ခဲ့သဖြင့် နေ့စဥ်နေ့တိုင်း ဒေသခံရွာသူရွာသားများ၏ မွေးမြူရေးတိရိစ္ဆာန်များသည် ထောင်မိုင်းနင်းမိ၍ သေဆုံး ဆုံးရှုံးမှုများရှိခဲ့သည့်ဟု သိရှိရသည်။

TNLA တပ်ဖွဲ့မှ လမ်းများနှင့် ကျေးရွာများတစ်ဝှက်တွင် မိုင်းထောင်းထားခြင်း၊ ဒေသခံပြည်သူများအား ‌ကျေးရွာပြင်ပဧရိယာသို့ မသွားကြရန် ပိတ်ပင်တားမြစ်ခြင်းနှင့် ပတ်သက်ပြီး ရွာသူရွာသားများ၏စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့နေရကြောင်းနှင့် ၎င်းတို့၏အခက်အခဲများအား နိုင်ငံရေးပါတီများ၊ လူအခွင့်အရေးအဖွဲ့အစည်းများနှင့် သက်ဆိုက်ရာအဖွဲ့အစည်းများမှ လာရောက်ကူညီဖြေရှင်းပေးစေလိုကြောင်း ဒေသခံတစ်ဦး၏သတင်းပေးပို့ချက်အရသိရှိရပါသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မိုင်းငေါ့မြို့နယ်ခွဲ ခိုမ်ကောဝ်ကျေးရွာအုပ်စု မမို့ကျေးရွာ ဒေသခံဇနီးမောင်နှံသည် ခိုမ်မိုင်ကျေးရွာသွားရာလမ်းတွင် တည်ရှိသည့် ၎င်းတို့လက်ဖက်ခြံတွင်းတွင် လက်ဖက်ကောက်နေစဥ် TNLA  တပ်ဖွဲ့ထောင်ထားသည့် ထောင်မိုင်းအား နင်မိသဖြင့်ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း