TNLA စခန်းအား RCSS တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဆိုသည့် TNLA ထုန်ပြန်ချက်ဟာ လုပ်ကြံသည့်ထုတ်ပြန်ချက်သာဖြစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်း‌ကျေးရွာရှိ TNLA တပ်စခန်းအား  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA မှ အလှစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု TNLA တပ်ဖွဲ့မှ ထုန်ပြန်ကြေညာသည့် ထုတ်ပြန်ချက်မှာ ဒေသခံပြည်သူများအား RCSS/SSA တပ်ဖွဲ့အပေါ် အထင်လွှဲမှားစေရန် လုပ်ကြံသည့် ထုတ်ပြန်ချက်သာဖြစ်ပါသည်။

RCSS/SSA တပ်ဖွဲ့သည် TNLA တပ်ဖွဲ့နှင့် စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းကို တစ်ဖက်သတ်ရပ်ဆိုင်းပြီး တရာားဝင်တွေ့ဆုံနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဟု ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် သဘောထားထုတ်ပြန်ပြီးနောက်  ညပိုင်းအချိန်တွင် ကျောက်မဲမြို့နယ် တော့ဆန်-ညောင်မောင်းရှိ TNLA စခန်းအား အလစ်ငိုက်သိမ်းယူရန် ကြိုးပမ်းမှုကြောင့် ည ၂၂:၀၀ နာရီမှ ည ၂၃:၀၀ အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ၊ တရားဝင်တွေ့ဆုံဆွေးနွေးရန်ကြိုးပမ်းမည်ဟု ထုန်ပြန်ပြီး စစ်ရေးအရအခွင့်ကောင်းယူကြောင်း ၊ မိမိတို့စခန်းအား အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းသည် ပြဿနာကိုငြိမ်းချမ်းစွာ တွေ့ဆုံဖြေရှင်းရန်သဘောဆန္ဒမရှိကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ရက်စွဲဖြင့် TNLA တပ်ဖွဲ့မှ ထုန်ပြန်ကြေညာခဲ့ပါသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့်အကြောင်းအရင်းမှာ TNLA တပ်ဖွဲ့မှ RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ပါသည်။

တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ RCSS/SSA တပ်ဖွဲ့အနေဖြင့် နှစ်ဖက်စလုံးမှ စစ်ရေးပဋိပက္ခများရပ်တန့်ပြီး သျှမ်းပြည်တိုင်းရင်းသားအချင်းချင်း ချစ်ကြည်စည်းလုံးမှုတည်ဆောက်ရေး ထိခိုက်ပျက်ပြားပြီး စစ်ရေးပဋိပက္ခပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရသည့် အကြောင်းအရင်းအား ရေးသားတင်ပြခြင်းမရှိခဲ့ပါ။

ဆက်လက်၍ RCSS/SSA တပ်ဖွဲ့အနေဖြင့် စစ်ရေးပဋိပက္ခများရပ်တန့်ပြီး သျှမ်းပြည်တိုင်းရင်းသားအချင်းချင်း ချစ်ကြည်စည်းလုံးမှုတည်ဆောက်လိုပါက TNLA တပ်စခန်းများ နှင့် နယ်မြေဒေသများ နယ်မြေချဲကျူးကျော်သိမ်းယူခြင်းများရပ်တန့်ရန်၊ သျှမ်းပြည်အသီးသီးရှိ တအောင်းလူမျိုးများ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်း ၊ ဆန်ရိက္ခာ ၊ ငွေများ ၊ အတင်းအဓမ္မကောက်ခံခြင်း စသည့် လူမျိုးခွဲခြားဖိနှိပ်သည့် လုပ်ရပ်များရပ်တန့်ရန် နှင့် RCSS/SSA တပ်ဖွဲ့မှ ထိုကဲ့သို့နှစ်ဖက်ယုံကြည်မှုရှိလာအောင် အပြုသလောဆောင်ရွက်မှသာလျှင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ လက်တွေ့ဖြစ်လာနိုင်မည်ဟု TNLA တပ်ဖွဲ့၏ အမြင်သဘောထား ထုန်ပြန်ကြေညာခဲ့ပါသည်။

RCSS/SSA ထိန်းချုပ်ရာနယ်မြေတွင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများသည် လူမျိုးဘာသာ ခွဲခြားဆက်ဆံခြင်းမရှိသည့်အပြင် ပညာရေးလုပ်ငန်းများ ၊ ကျန်းမားရေးလုပ်ငန်းများ ၊ လယ်ယာလုပ်ငန်းများ ၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ စသည့် ဒေသရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလည်း ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိပါသည်။

တကယ်၍ TNLA တပ်ဖွဲ့မှ မိမိတို့၏ တပ်စခန်းအား ထိုးစစ်ဆင်ထပ်မံတိုက်ခိုက်ပါက RCSS/SSA အနေဖြင့် မိမိကိုယ်ကို ပြန်လည်ကာကွယ်ခြင်းအနေဖြင့် ပြန်လည်ခုခံသွားမည်ဖြစ်ပြီး ( ၇၄ ) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ်ထုန်ပြန်ချက်တွင်ပါရှိသည့် သျှမ်းပြည်လူထု အကျိုးစီးပွားနှင့် သျှမ်းပြည် အေးချမ်းတည်ငြိမ်သာယာသော တိုးတက်ဖွံ့ဖြိုးရေးတို့ကို ရှေ့ရှူ၍သော်လည်းကောင်း ၊ TNLA တပ်ဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး သဘောထားထုန်ပြန်ကြေညာချက်အမှတ် (၂/၂၀၂၁) အရသော်လည်းကောင်း  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့အထိ TNLA တပ်ဖွဲ့နှင့် စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းကို မိမိတို့က တစ်ဖက်သတ်ရပ်ဆိုင်းလိုက်ပြီး နှစ်ဦးနှစ်ဖက်အကြား တရားဝင်တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ကြိုးပမ်းဆောက်ရွက်သွားမည်ဆိုသည့် ထုန်ပြန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Taifreedom

Facebook

သတင်း