TNLAထောင်မိုင်းနင်းမိသော ဒေသခံနွားပိုင်ရှင်များမှ မိုင်းလျော်ကြေးပေးဆောင်ရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ညောင်မောင်းကျေးရွာအုပ်စု ညောင်မောင်းကျေးရွာတွင် ဒေသခံနွားများ TNLA ထောင်ထားသည့်မိုင်းအား နင်းမိပြီး နွားသုံးကောင်သေဆုံးခဲ့သည့်အပြင် TNLA တပ်ဖွဲ့သည် ၎င်းတို့ထောင်ထားသည့် မိုင်းအဖိုးခအား နွားပိုင်ရှင်များထံ လျှော်ကြေးငွေတောင်းခံခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ဒေသခံမှ နွားသုံးကောင်ဆုံးရှုံးခဲ့ရပြီး နွားပိုင်ရှင်များမှာ လုံးအွန့် အသက် ၅၅ နှစ် နှင့် လုံးမွန်း အသက် ၅၀ နှစ်ဖြစ်ကြောင်း သိရှိရသည်။

TNLA တပ်ဖွဲ့မှဒေသခံနွားများကြောင့် ပေါက်ကွဲသွားသည့် ၎င်းတို့ထောင်မိုင်းအား အခကြေးငွေဖြင့် မိုင်းဖိုးလျှော်ကြေးတောင်ခံခဲ့ပြီး ဒေသခံနွားပိုင်ရှင်များမှ TNLA တပ်ဖွဲ့ထံလျှော်ကြေးပေးဆပ်ခဲ့ရကြောင်း သိရှိရသည်။

ညောင်မောင်းကျေးရွာအတွင်းတွင် တပ်မတော်မှ ခေတ္တစခန်းချထားသော်လည်း ကျေးရွာ၏အနီးတစ်ဝှက်တွင် TNLA တပ်ဖွဲ့မှ စခန်းချထားကြောင်း ၊ ဒေသခံရွာသူရွာသားများမှ  တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း အမည်မဖော်လို ဒေသခံတစ်ဦး၏ ပေးပို့ချက်အရ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင်လည်း ၎င်းကျေးရွာတွင် TNLA တပ်ဖွဲ့မှ ကျေးရွားပတ်ဝန်းကျင်အနီးတစ်ဝှက်တွင် မိုင်းထောင်ထားပြီး ကျေးရွာပြင်ပရှိ လယ်ယာနှင့် ခြံများတွင် အလုပ်မသွားကြရန် ဒေသခံရွာသူရွာသာများအား အဓမ္မပိတ်ပင်တားမြစ်းမှုဖြစ်ပွားပြီးဖြစ်သည်။

Taifreedom

Facebook

သတင်း