SSPP/SSA တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ကျေးရွာတွင်း ပယမ်းပတာပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပျက်စီး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ကျေးရွာတွင်း ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ၏ နေအိမ်တစ်လုံး ပျက်စီးရှုံးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ပန်နောင်ကျေးရွာတွင် SSPP/SSA တပ်ဖွဲ့မှ RPG-7 လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာတွင်း လက်နက်ကြီးကျပေါက်ကွဲသဖြင့် ပါနွယ်၏နေအိမ် ပျက်စီးရှုံးဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့တွင် နေ့လည် ၁၂:၄၀ နာရီခန့်၌ SSPP/SSA တပ်ဖွဲ့မှ ဟမ်းငိုင်းကျေးရွာအုပ်စု ဖာလမ်းကျေးရွာတွင်းသို့ လည်းကောင်း၊ ညနေ ၄:၄၅ နာရီခန့်တွင် ဟမ်းငိုင်းကျေးရွာအုပ်စု ပန်နောင်ကျေးရွာတွင်းသို့လည်းကောင်း RPG-7 လက်နက်ကြီး နှင့် M79 လက်နက်တို့ဖြစ် ပယမ်းပတာ ပစ်ခတ်မှုတွေကြောင့် ဒေသခံနေအိမ်တစ်လုံး ပျက်စီး ရှုံးဆုံးခဲ့ရပါသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ရှင်ကျေးရွာအုပ်စု နားအော်ကျေးရွာအနီးရှိ ပြောင်းဖူးခြံတွင် ပြောင်းဖူးချိုးနေသော ဒေသခံပြည်သူများအား SSPP/SSA တပ်ဖွဲ့မှ ၁၀၇ မမ လက်နက်ကြီးနှင့် စက်သေနတ်တို့ ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

Taifreedom

Facebook

သတင်း