SSPP တပ်ဖွဲ့သည် ဒေသခံကားအား သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင် လမ်းသွားလမ်းလာနေသည့် ဒေသခံပြည်သူ၏ ကားအား သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ဒေသခံတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် ဇွန်လိုင်လ ၇ ရက်နေ့တွင် ဝမ်ပန်ရွာသူ နန်းလူသည် ဝမ်မိုင်နေ နန်းမွန်း အသက် ၁၅ နှစ်အား ကောက်စိုက်ရန် သွားကြိုပြီး ဝမ်ပန်သို့ ပြန်လာစဥ် လမ်းတွင် SSPPတပ်ဖွဲ့တို့နှင့် တွေ့ဆုံပြီး ကားရပ်ခိုင်းသည့်အသံကို မကြားရသောကြောင့် ကားချက်ချင်းရပ်ပေးခြင်းမရှိသဖြင့် ၎င်းတို့မှ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် နန်းမွန်း၏ ညာဖက်ပခုံး ကျည်ထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ဖြစ်စဥ်နှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးမှလည်း ဒဏ်ရာရရှိသည့် နန်းမွန်းအား နောင်လုံကျေးရွာဆေးခန်းသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေကြောင်း၊ ဒဏ်ရာရသူအား ဆေးကုသရန် SSPP တပ်ဖွဲ့တို့မှ ၎င်းတို့၏ဌာနချုပ် ဝမ်ဟိုင်းသို့ ခေါ်ဆောင်သွားစေချင်သော်လည်း နန်းမွန်း၏ ဆွေမျိုးမိဘများသည် သဘောတူခြင်းမရှိခဲ့ကြောင်း၊ ဒေသခံပြည်သူ၏ ကားအား SSPPတပ်ဖွဲ့တို့မှ သေနတ်ဖြင့် ပစ်ခတ်မှုအား ၎င်းတို့၏ လုပ်ရပ်အပေါ် မည်သို့ တာဝန်ယူမည်ကို မသိရှိရသေးကြောင်း ပြောပြခဲ့ပါသည်။

လမ်းသွားလမ်းလာနေသည့် ဒေသခံပြည်သူ၏ ကားအား သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အနီးတစ်ဝှိက် နေထိုင်သည့် ပြည်သူများတွက် စိုးရိမ်ကြောင်းကျမှု ဖြစ်ပေါ်စေခဲ့သည်။

၂၀၂၂ ဇူလိုင်လ ၅ ရက်နေ့တွင်လည်း သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ မိုင်းရဲကျေးရွာအုပ်စု နမ့်တောင်းကျေးရွာ နှင့် ပန်ဟိုက်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ကျား ၁၀ ဦး နှင့် မ ၇ ဦး စုစုပေါင်း ၁၇ ဦးတို့အား SSPPတပ်ဖွဲ့မှ ဖမ်းဆီးခေါ်‌ဆောင်သွားပြီး ယခုလက်ရှိအချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း