RCSS/SSA တပ်များခေတ္တဆုတ်ခွာပေးချိန်မှာ ထုန့်မောဝ်ဒေသတွင် မူးယစ်ဆေးအဆမတန် များပြားလာ

ထုန့်မောဝ်ဟုခေါ်သည့် သျှမ်းပြည်မြောက်ပိုင်း သျှမ်း-တရုတ်နယ်စပ်ဒေသ မူဆယ်နှင့် နမ့်ခမ်းတွင် သျှမ်းပြည်တပ်မတော် RCSS/SSA  တပ်များ ခေတ္တဆုတ်ခွာပေးသည့် အချိန်မှစ၍ လပိုင်းအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများ အဆမတန်တိုးပွားလာနေကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်အတွင်း၌ သျှမ်းမြောက်ဒေသ မူဆယ်ခရိုင်၊ ကျောက်မဲခရိုင်တို့တွင် လှုပ်ရှားလျှက်ရှိသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ကို ရှမ်းပြည်တပ်မတော် SSPP/SSAတပ်ဖွဲ့မှလည်းကောင်း၊ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် TNLA တို့ကလည်းကောင်း စစ်အင်အားအလုံးအရင်းဖြင့် လိုက်လံထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများ ထောင်နှင့်ချီကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တိုင်းရင်းသားတပ်ဖွဲ့အချင်းချင်း မတိုက်လိုသည်ကတစ်ကြောင်း၊ စိုက်ပျိုးရာသီဖြစ်သောကြောင့် ဒေသခံပြည်သူများကို ငဲ့ညှာသောအားဖြင့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့သည် ထုန့်မောဝ်ဒေသအတွင်းရှိ တပ်စခန်းအချို့ကို ရှောင်ပေးခဲ့ရသည်။

RCSS/SSA တပ်များ ရှောင်ပေးသည့် ဒေသအတွင်း၌ ၂၀၂၁ ခုနှစ် ဇွန်လမှ သြဂုတ်လအထိ ထုန့်မောဝ်ဒေသ မူဆယ်ခရိုင် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တို့တွင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူများ အဆမတန်များပြားလာနေကြောင်း သိရသည်။

RCSS/SSA တပ်များခေတ္တဆုတ်ခွာပေးချိန်မှာ ထုန့်မောဝ်ဒေသတွင် မူးယစ်ဆေးအဆမတန် များပြားလာ

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက Taifreedom ထံ – ကျွန်တော်တို့ဒေသထဲမှာ RCSS/SSA မရှိတော့ မူးယစ်ဆေးတွေ တအားပေါလာတယ်၊ သုံးတဲ့သူရော ရောင်းတဲ့သူရောများလာတယ်၊ သုံးတဲ့သူများလာတော့ ဆေးကြောင်တာတွေလဲ အများကြီးပဲ ဟုပြောသည်။

တစ်ဖက်မှာလည်း ကိုရိုနာရောဂါကပ်ဘေးကတစ်ဖက်၊ စစ်တပ်အာဏာသိမ်းပြီး နိုင်ငံရေးမတည်ငြိမ်တာကတစ်ဖက်နဲ့ ဒေသထဲမှာလည်း ထိန်းချုပ်ပေးမယ့် RCSS/SSA ကမရှိတော့ လုံခြုံမှုမရှိရုံမက ဆိုးကျိုးအနေနဲ့ ရွာထဲမြို့ထဲ ခိုးဆိုးလုယက်မှုတွေလဲ များလာသည်ဟု အဆိုပါဒေသခံက ရှင်းပြသည်။

သြဂုတ်လ ၂၅ ရက်နေ့ကလည်း မူဆယ်မြို့ ‌ကောင်းမူးတုံရပ်ကွက် စည်ပင်လမ်းထောင့်တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကို  ဓါးဖြင့်ခုတ်ကာ ငွေကျပ်သိန်း ၄၀ နီးပါး လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း