RCSS/SSA မှ မူးယစ်ဆေးဝါးနှင့်ပက်သက်သူ ၅၅ ဦး နေအိမ်သို့ပြန်လွတ်ပေး

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSS/SSA ၏ တာဝန်ရှိသူများမှ မူးယစ်ဆေးဝါးနှင့်ပက်သက်ပြီး ဖမ်းဆီးခံထားသူ ၅၅ ဦးအား ထောက်ခံချက်နှင့်အတူ နေအိမ်သို့ပြန်လွတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ဖမ်းဆီးလာသည့် မူးယစ်ဆေးဝါးနှင့် ပက်သက်သူများအား ၃ လကြာသည့်တိုင်အောင် RCSS၏ မူးယစ်ဆေးဝါးပေါ်လစီနှင့်အညီ  ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တ ပြုပြင်ပေးခြင်း စသည့်လုပ်ငန်းများဖြင့် ပြုပြင်မွမ်းမံပေးပြီးနောက် ဟိုပုံးမြို့နယ် နမ့်ခုက်ကျေးရွာအုပ်စု မှ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ၊ ဖေါင်းရှဲန်ကျေးရွာအုပ်စု အမျိုးသား ၈ ဦး ၊ ပါခီးကျေးရွာအုပ်စုအမျိုးသား ၂ ဦး ၊ ပင်လုံမြို့နယ်မှအမျိုးသား ၄ ဦး ၊လဲချားမြို့နယ် ဝမ်ဖိုင်ကျေးရွာအုပ်စုမှ အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၁ ဦး ၊ဝမ်ပန်းကျေးရွာအုပ်စုမှ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး ၊ ထုင်ယိုင်ကျေးရွာအုပ်စုမှ အမျိုးသား ၁ ဦး၊ မိုင်းကိုင်မြို့နယ် ဝမ်ယက်ကျေးရွာမှ အမျိုးသား ၂ ဦး ၊ နောင်ဟိုင်မှ အမျိုးသား ၈ဦး ၊ဟွေအွန်ကျေးရွာအုပ်စုမှ အမျိုးသား ၁၀ ဦး ၊ အမျိုးသမီး ၃ ဦး ၊ လုပ်ကန်းကျေးရွာအုပ်စုမှ အမျိုးသား ၁ ဦး၊ လုပ်တောင်းကျေးရွာမှ အမျိုးသား ၃ ဦး ၊မြို့တွင်းနေထိုင်သူ အမျိုးသား ၂ ဦး နှင့် မိုင်းလုံမြို့နယ်ခွဲ ပန်ဟူးကျေးရွာအုပ်စုမှ အမျိုးသား ၁ ဦး စုစုပေါင်း ၅၅ ဦးအား သက်ဆိုင်ရာကျေးရွာ ဥက္ကဋ္ဌ များနှင့် မိဘဆွေမျိုးများ၏ ထောက်ခံချက်ဖြင့် ၎င်းတို့၏နေအိမ်သို့ ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ပြန်လွတ်ပေးလိုက်သည့်  ၅၅ ဦးသည် မူးယစ်ဆေးဝါးနှင့် ပက်သက်သူဖြစ်ပြီး ၃ လကြာသည့်တိုင်အောင် RCSS၏ မူးယစ်ဆေးဝါးပေါ်လစီနှင့်အညီ  ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တ ပြုပြင်ပေးခြင်း စသည့်လုပ်ငန်းများဖြင့် ပြုပြင်မွမ်းမံပေးပြီးနောက် သက်ဆိုင်ရာ ကျေးရွာဥက္ကဌများနှင့် မိဘဆွေမျိုးများ၏ ထောက်ခံချက်ဖြင့် ၎င်းတို့၏နေအိမ်သို့ပြန်လွတ်းပေးလိုက်ကြောင်း ၊ သက်ဆိုင်ရာ  ကျေးရွာ ဥက္ကဋ္ဌ များနှင့် မိဘဆွေမျိုးများအား RCSS /SSA တာဝန်ရှိသူများမှ မူးယစ်ဆေးဝါးနှင့် ပက်သက်သည့် အသိပညာများ ပြောကြားခဲ့ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ မူးယစ်ဆေးဝါးနှင့် ပက်သက်သူများအား RCSS၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ ပြစ်ဒဏ်ပေးခြင်း ၊ မူးယစ်ဆေးဖြတ်ပေးခြင်း ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောခြင်း နှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်း စသည့်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း