RCSS/SSA မှ ဒေသခံပြည်သူများအား လယ်ယာလုပ်ငန်းများဝိုင်းဝန်းကူညီခြင်းနှင့် ကျန်းမားရေးစောက်ရှောက်ခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၂၃ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းများမှ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်း နေထိုင်ကြသော ဒေသခံပြည်သူလူထုများ၏ လယ်ယာများအား ဝိုင်းဝန်းကူညီ လယ်ထွန်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် RCSS ကျန်းမာရေးဝန်ထမ်းများ နှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ပူးပေါင်းပြီး နောင်ချိုမြို့နယ် နှင့် လင်းခေးမြို့နယ်တွင် နေထိုင်ကြသော ဒေသခံပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်း စသည့်ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၂၄ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ်တွင် RCSS ကျန်းမာရေးဝန်ထမ်းများမှ ဒေသခံပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း