RCSS/SSA ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ ကုသရေးစခန်းဖွင့်လှစ်ပွဲပြုလုပ်ကျင်းပ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ ကုသရေးစခန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖွင့်ပွဲအား ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပြီး သံဃာတော်များ ၊ RCSS/SSA ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ၊ ဒုတိယ ဥက္ကဋ္ဌ-၂ ဗိုလ်ချုပ်‌ ခေးငင်း ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ ရပ်မိရပ်ဖများ ၊ ကျောင်းသားကျောင်းသူများနှင့် ဆေးဖြတ်သူများ စုစုပေါင်း  ၅၆၉ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများ ကုသရေးစခန်းဖွင့်ပွဲအား ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၉ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် RCSS/SSA ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီမှ ဖွင့်ပွဲဖဲကြိုးဖြတ်ကာ ဖွင့်ပွဲစတင်ကျင်းပခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများ ကုသရေးစခန်းဖွင့်လှစ်ရသည့် အကြောင်းအရင်းများ ၊ မည်သို့ကြောင့် ဖွင့်လှစ်ရသည့် အကြောင်းများ ရှင်းလင်းပြကာ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဒါအပြင် RCSS/SSA ဒုတိယ ဥက္ကဋ္ဌ-၂ ဗိုလ်ချုပ်‌ ခေးငင်း၊ဗိုလ်မှူးကြီးအောင်မြ နှင့် RCSS မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဗိုလ်ကြီး ဝင်းခေး တို့လည်း အမှာစကား ပြောကြားပြီး နောက် နံနက် ၁၀ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ ကုသရေးစခန်း ဖွင့်လှစ်ပွဲအခမ်းအနားအား အောင်မြင်ပြီးမြောက်စွာကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။

RCSS/SSA ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါးသုံးစွဲသူများ ကုသရေးစခန်းအား သျှမ်းပြည်တွင်းရှိ မြို့နယ်အသီးသီးမှ မူးယစ်ဆေးဝါးသုံးစွဲသူ စုစုပေါင်း ၂၂၃ ဦးခန့် လာရောက်ဆေးဖြတ်ခြင်း ၊ ဆေးကုသခြင်းခံယူနေကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း