RCSS/SSA နှင့် ဒေသခံပြည်သူများတို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၂ ဦးဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြိုနယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ဒေသခံပြည်သူများတို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၂ ဦးအား သက်သေခံများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ RCSS/SSA နယ်မြေခံတပ်ရင်းများနှင့် ဒေသခံပြည်သူများတို့ ပူးပေါင်းပြီး လဲချားမြို့နယ် ဝမ်ယိန်းအုပ်စု ဖာလံကျေးရွာတွင် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁ ဦး ၊ မူးယစ်ဆေးဝါးသုံးစွဲသူ ၁ ဦးအား သက်သေခံများဖြစ်သည့် WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား(ယာမ) ၂၁၄၀ ပြားနှင့် ပတ်သက်ငွေ ၄၅၀၀၀ ကျပ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါမူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၂ ဦးအား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများအား အရေးယူခြင်း၊ ဆေးကုသပေးခြင်း၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် မွန်းမံမှုလုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် အင်တောမြို့နယ် နောင်ဝိုးကျေးရွာအုပ်စု နောင်ဝိုးကျေးရွာတွင် RCSS/SSA နယ်မြေခံတပ်ရင်းများနှင့် ဒေသခံပြည်သူများတို့ ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးပတ်သက်သူတစ်ဦးအား သက်သေခံ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၃၅၀၂ ပြား ၊ ဘိန်းစိမ်း ၁၀ ကျပ်သား ၊ ပတ်သက်ငွေ ၉၀၈၀၅၀ ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

Taifreedom

Facebook

သတင်း