RCSS/SSA ထိန်းချုပ်ရာနယ်မြေတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

ယနေ့ ၂၀၂၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ၊ သျှမ်းပြည်တော်ပိုင်း လဲချား ၊ မိုးနဲ ၊ မောက်မယ် ၊ မိုင်းပွန် ၊ နမ့်စန် ၊ ကွန်ဟိန်း နှင့် ကျေးသီးမြို့နယ် စသည့် မြို့နယ်များအပြင် လွယ်ကော်ဝမ်း ၊ ဆံစု ၊ကောင်းမုံမိုင်းစသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ထိန်းချုပ်ရာ နယ်မြေတွင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားနှင့် မူးယစ်ဆေးဝါးများ မီးရှိုးဖျက်ဆီးအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားသို့ သံဃာတော်များ ၊ နယ်မြေခံတာဝန်ရှိပုဂ္ဂိုလ်များ ၊
မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာကုလသမဂ္ဂရုံး(UNODC) ကိုယ်စားလှယ်များ ၊ ကျေးရွာ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဒေသခံပြည်သူများ နှင့် RCSS/SSA နယ်မြေခံတပ်ရင်းများမှ တပ်သားများတက်ရောက်ခဲ့ပြီး RCSS/SSA နယ်မြေခံတပ်ရင်းများမှ ၂၀၁၉-၂၀၂၀ ခုနှစ်တွင်း ဖမ်းဆီးရမိသည့် ဘိန်းစိမ်း ၄၇.၁၁၇ ကီလို ၊ ဘိန်းဖြူ ၃၀.၁၃ ကီလို နှင့်  WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား(ယာမ) ၆၈၂၄၆၁ ပြားတို့အား မီးရှိုးဖျက်းဆီးခဲ့ကြောင်း သိရှိရသည်။

RCSS/SSA နယ်မြေခံတပ်ရင်းများသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်‌ဆေးဝါးသုံးစွဲရောင်းဝယ်သူများအား အရေးယူခြင်း ၊ ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းများ စသည့် လုပ်ငန်းစဥ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

Taifreedom

Facebook

သတင်း