RCSS/SSA တပ်သားမှ အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်သည့် သတင်းမမှန်ကန်ဟု RCSS/SSA တာဝန်ရှိပုဂ္ဂိုလ်ပြော

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် ချောင်းဆာကျေးရွာအုပ်စုတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA)တပ်သားတစ်ဦးမှ ဒေသခံအမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သည့် သတင်းမှ မဟုတ်မမှန်ကန်ကြောင်း RCSS/SSA အား တမင်တကာ စွပ်စွဲခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ် RCSS/SSA နယ်မြေခံတပ်ရင်းမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး ပြောပြချက်အရ သိရှိရသည်။

၂၀၂၀ခုနှစ် ဇူလိုင် ၇ ရက်နေ့၌ Shaw Phee Myay Nwes Agency အမည်ရှိ Facebook Page ပေါ်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၂ ရက်နေ့  နေ့လည် ၁၁ နာရီဝန်းကျင်တွင် နမ္မတူမြို့နယ် ချောင်းဆာကျေးရွာအုပ်စုနေ အမျိုးသမီးငယ်က တောင်ယာကနေ နေ့လည်ထမင်းစားပြန်လာရင်း လမ်းတွင် RCSS/SSA တပ်သား စိုင်းအိုက်ပန်မှ ရည်းစားစကားလိုက်ပြောခဲ့သဖြင့် သူမက ငြင်းဆန်ခဲ့သောကြောင့် သူမအား အဓမ္မပြုကျင့်ခဲ့ကြောင့်နှင့် ရေချိုးသွားသော အမျိုးသမီးများ ၊ ရေခတ်သွားသော အမျိုးသမီးများပေါ် RCSS/SSA တပ်သားများမှ မဖွယ်မရာပြောဆိုခြင်း ၊ အမျိုးသမီးငယ်များအား RCSS/SSA တပ်စခန်းတွင် ၂-၃ ရက်ခန့်ခေါ်ဆောင်သွားပြီး တာဝန်ယူခြင်း မရှိကြောင်း စသည့်လုပ်ရပ်များ ပြုလုပ်ခဲ့သည်ဟု  Facebook Page ပေါ်တွင် သတင်းဖေါ်ပြထားပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နမ္မတူမြို့နယ်အခြေစိုက် RCSS/SSA နယ်မြေခံတပ်ရင်းမှ တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးမှ RCSS/SSA တပ်သားတစ်ဦးမှ အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခြင်း နှင့် အခြားအမျိုးသမီးများအပေါ် မဖွယ်မရာပြောဆိုခြင်းများပြုလုပ်ခဲ့သည့် သတင်းမှာ မဟုတ်မမှန်ကန်ကြောင်း ၊ ပြည်သူလူထုများမှ RCSS/SSA တပ်ဖွဲ့အပေါ် အမှားမြင်အောင် တမင်တကာ စွပ်စွဲခြင်းဖြစ်ကြောင်း ၊ သတင်းမြင်ပြီးနောက်  RCSS/SSA နယ်မြေခံတပ်ရင်းများ၏ တပ်မှူးများလည်း မိမိတို့၏ တပ်သားများအား စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း ၊ စစ်ဆေးမှုအရ စိုင်းအိုက်ပန်အမည်ရှိ တပ်သားလည်း တွေ့ရှိခြင်းမရှိသည့်အပြင်  RCSS/SSA နယ်မြေခံတပ်ရင်းများ၏ တပ်မှူးများမှ ကျေးရွာတွင်းသွားလာမှုရှိပါက ဒေသခံပြည်သူများအပေါ် ယဥ်ယဥ်ကျေးကျေး ဆက်ဆံရမည်၊ မည်သည့်ကိစ္စရပ်မဆို ဒေသခံများအား အကူအညီပေးရမည်၊ ပိုင်ရှင်ခွင့်မပြုလျှင် မည်သည့် စားသောက်ကုန် ၊ ပစ္စည်းမဆို ယူဆောင်ခြင်းမပြုရန် ၊ တပ်မှူးထံ ခွင့်မရပါက မည်သူမဆို  တပ်စခန်းတွင် ခေါ်ဆောင်လာခြင်း ၊ လာရောက်တည်းခိုခြင်း များမပြုလုပ်ရန်နှင့် တစ်စုံတစ်ဦး၏ ဂုဏ်သိက္ခာအား ထိခိုက်စေမည့် လုပ်ရန်များ မပြုလုပ်ကြရန် မိမိတို့၏ တပ်သားများအား မကြာခဏ ပြောဆိုဆုံးမလေ့ရှိကြောင်း ပြောပြခဲ့ပါသည်။

၎င်းမှ ဆက်လက်၍ အဓမ္မပြုကျင့်ခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူဖြစ်စေ ၊ မိမိတို့၏ တပ်သားဖြစ်စေ ကျူးလွန်မိပါက စည်းမျဥ်းစည်းကမ်းအတိုင်း အရေးယူမည်ဖြစ်ကြောင်း ၊ RCSS/SSA တပ်သားများ၏ ပြုကျင့်ရမည် စည်းကမ်းမှာ အမျိုးသမီးများအား အနိုင်ကျင့်ရမည်ဆိုသည့် စည်းကမ်းချက်မရှိကြောင်း နှင့် RCSS/SSA တပ်ရင်းများမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သည့် အမျိုးသမီးအား တုတ်ဒဏ် နှင့် ကျေးရွာတွင်းရှိ လမ်းပြုပြင်ဒဏ်ဆိုသည့် ဒဏ်နှစ်မျိုးဖြင့် ကာယကံရှင်မှ ပြစ်ဒဏ်တစ်မျိုးမျိုးရွေးချယ်၍ ပြစ်ဒဏ်ပေးခဲ့ကြောင်း ပြောပြခဲ့သည်။

ထို့အပြင် Geneva Call အဖွဲ့တို့နှင့် ကလေးသူငယ်ကာကွယ်ရေး ပဏာမသဘောတူစာချုပ်(deed of commitment on child protection) လက်မှတ်ရေးထိုးခြင်းမရှိခင်ကတည်းက ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်သည့် လုပ်ရပ်များအား RCSS/SSA တပ်ဖွဲ့မှ ကျူးလွန်ခြင်းမရှိသည့်အပြင် ကလေးသူငယ်ကာကွယ်ရေး ပဏာမသဘောတူစာချုပ်(deed of commitment on child protection) လက်မှတ်ရေးထိုးပြီးနောက် အသက် ၁၈ နှစ်မပြည့်သေသော မူးယစ်ဆေးဝါးသုံးစွဲသည့် ကဘေးသူငယ်များအား ၎င်းတို့၏ မိဘများထံ ပြန်လည်အပ်နှံခြင်းစသည့် လုပ်ငန်းစဥ်များ ဆောင်ရွက်ခဲ့သည်။

Taifreedom

Facebook

သတင်း