RCSS/SSA တပ်ဖွဲ့မှ နမ္မတူမြို့နယ်တွင် ဒေသခံပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည်မှာ TNLA ၏ လုပ်ကြံထုန်ပြန်ချက်သာဖြစ်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင်း သျှမ်းပြည်ပြန်လည်ထူ‌ထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့နှင့် SSPP/SSA TNLA ပူးပေါင်းတပ်ဖွဲ့တို့  နှစ်ဖက်တိုက်ပွဲပြင်းထန်သည့် ဒေသတွင်းတွင် RCSS/SSA တပ်ဖွဲ့မှ ဒေသခံရွာသားများအား ဖမ်းဆီးသတ်ဖြတ်ခြင်း ၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း စသည့်လုပ်ရပ်များ ကျူးလွန်နေသည်ဟု TNLA တပ်ဖွဲ့၏ ထုတ်ပြန်ကြေညာချက်မှာ RCSS/SSA တပ်ဖွဲ့အပေါ် တမင်အပြစ်တင် စွပ်စွဲသည့် လုပ်ကြံထုတ်ပြန်ချက်သာဖြစ်ပါသည်။

ဖြစ်စဥ်မှာ ၂၀၂၁ ခုနှစ် မေလ ၄ ရက်နေ့တွင် TNLA တပ်ဖွဲ့မှ SSPP/SSA ၊ TNLA ပူးပေါင်းစစ်ကြောင်းများနှင့် RCSS/SSA တို့တိုက်ပွဲဖြစ်ပွားပြီး ဆုတ်ခွာသည့်အချိန်တွင် RCSS/SSA တပ်ဖွဲ့မှ နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စု မန်ကျန်းရွာ၌ ဧပြီလ ၄ ရက်နေ့တွင် နေအိမ် ၂၇ အိမ်၊ ဧပြီလ ၂၁ ရက်နေ့တွင် နေအိမ် ၁၉ ၊ မန်ဆာရွာ၌ ဧပြီ ၂၁ ရက်နေ့တွင် နေအိမ် ၁၃ အိမ် နှင့် ချောင်းဆာအုပ်စု မန်လီရွာ၌ ဧပြီလ ၆ ရက်နေ့တွင် နေအိမ် ၅ အိမ် နှင့် တဲ ၃ လုံး ၊ မေလ ၂ ရက်နေ့တွင် နေအိမ် ၄၄ အိမ် ၊ ရေအိုးရွာ၌ ဧပြီလ ၂၅ ရက်နေ့တွင် နေအိမ် ၁၃ အိမ် အစရှိသည့်ကျေးရွားများရှိ ပလောင်လူမျိုးများ၏ နေအိမ်စုစုပေါင်း ၁၀၉ အိမ်ကို မီးရှို့ဖျက်ဆီးခြင်း ၊ နမ္မတူ ၊ သီပေါ ၊ ကျောက်မဲ ဒေသခံ ပလောင် (တအောင်း)လူမျိုး ၁၁ ဦးအား ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်နေသည်ဆိုသည်ဟု ထုတ်ပြန်ကြေညာခဲ့သည့်အပြင် တိုက်ပွဲကာလတွင်း ပလောင် (တအောင်း) လူမျိုးများအား လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်း ၊ ဒေသခံပြည်သူများအား ပုံစံအမျိုးမျိုးဖြင့် ပစ်မှတ်ထားကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု TNLA တပ်ဖွဲ့၏ ထုန်ပြန်ကြေညာချက်တွင် ပါရှိပါသည်။

သျှမ်းသံတော်ဆင့်သတင်းဌာနမှ သတင်းတင်ပြချက်အရ  RCSS/SSA နှင့် SSPP/SSA TNLA ပူးပေါင်းတပ်ဖွဲ့တို့  နှစ်ဖက်တိုက်ပွဲပြင်းထန်သည့် နမ္မတူမြို့နယ် မန်လီကျေးရွာမှာ ၂၀၂၁ ခုနှစ် မေလ ၂ ရက်နေ့တွင် နံနက်ပိုင်းအချိန်တွင် နေအိမ် ၄ အိမ်မီးရှို့ခံရပြီး ညနေပိုင်းအချိန်မှာ နေအိမ် ၄၀ အိမ်ထပ်မံ မီးရှို့ခံရပြီး တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်နေသဖြင့် ဒေသခံပြည်သူများမှ မီးရှို့ခဲ့သည့်သရေခံမှာ မည်သူဖြစ်ပြီး မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို သိရှိခြင်းမရှိခဲ့ကြောင်း နေအိမ်မီးရှီု့ခံရသည့်ဒေသခံမှ ပြောပြခဲ့ကြောင်း တင်ပြခဲ့ပါသည်။

ဒေသခံပြည်သူများ ဖမ်းဆီးသတ်ဖြစ်ခြင်း ၊ ဒေသခံပြည်သူများ၏ အိုးအိမ်များမီးရှို့ဖျက်ဆီးခြင်း စသည့် ပြည်သူများအား ဒုက္ခပေးမည်လုပ်ရပ်များကျူးလွန်ရန် RCSS/SSA ၏ပေါ်လစီတွင် မပါရှိသည့်အပြင် RCSS/SSA ထိန်းချုပ်ရာနယ်မြေတွင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများသည် လူမျိုးဘာသာ ခွဲခြားဆက်ဆံမှုမရှိပဲ ပညာရေးလုပ်ငန်းများ ၊ ကျန်းမားရေးလုပ်ငန်းများ ၊ လယ်ယာလုပ်ငန်းများ ၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ စသည့် ဒေသရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလည်း ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိနေသောကြောင့် အဆိုပါ TNLA တပ်ဖွဲ့၏ ထုတ်ပြန်ကြေညာချက်မှာ မှန်ကန်မှုမရှိပဲ ဒေသခံပြည်သူများနှင့် RCSS/SSA တပ်ဖွဲ့ တို့အကြား အမြင်ကွဲလွှဲစေရန် လုပ်ကြံခြင်းသာဖြစ်ပါသည်။

RCSS/SSA တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခများချုပ်ငြိမ်းနိုင်ရန်နှင့် သျှမ်းပြည်လူထု အကျိုးစီးပွားနှင့် သျှမ်းပြည် အေးချမ်းတည်ငြိမ်သာယာသော တိုးတက်ဖွံ့ဖြိုးရေးတို့ကို ရှေ့ရှူ၍သော်လည်းကောင်း ၊ TNLA တပ်ဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး သဘောထားထုန်ပြန်ကြေညာချက်အမှတ် (၂/၂၀၂၁) အရသော်လည်းကောင်း RCSS/SSA တပ်ဖွဲ့အနေဖြင့် ၇၄ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့အထိ TNLA တပ်ဖွဲ့တို့နှင့် တစ်ဖက်သက်အပစ်ခတ်ရပ်ကြေညာခဲ့ပါသည်။

တစ်ဖက်သက်အပစ်ခတ်ရပ်ကြောညာခြင်းကိုအခွင့်ကောင်းယူပြီး  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ SSPP/SSA တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့ပူးပေါင်းပြီး သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ၊ သီပေါမြို့နယ် ၊ ကျောက်မဲမြို့နယ် အစရှိသည့်မြို့နယ်တွင်းရှိ RCSS/SSA တပ်စခန်းများအား ထိုးစစ်စဥ်တိုက်ခိုက်ခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်သည့်အပြင် SSPP/SSA နှင့် TNLA တပ်ဖွဲ့တို့၏ လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝှိက်ရှိ ကျေးရွာများတွင် လက်နက်ကြီးများကျရောက်၍ ဒေသခံပြည်သူများ၏ အိုးအိမ်များပျက်ဆီးရှုံးဆုံးခဲ့ရခြင်း နှင့် ဒေသခံပြည်သူများထိခိုက်သေဆုံးမှုများဖြစ်ခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မေလ ၆ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း နမ်းခမ်းမြို့နယ်တွင်းရှိ မိုင်းဝီးကျေးရွာအုပ်စု ဟိုပန်ကျေးရွာသို့ ထိုးစစ်ဆင်ဝင်ရောက်မွှေနှောက်ခြင်းကြောင့် ဒေသခံပြည်သူများ ထိန့်လန်ကာ ဟိုပန်ကျေးရွာအရှေ့ဘက်ရှိ မိုင်းဝီးကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး TNLA တပ်ဖွဲ့မှ ကျေးရွာတွင်းရှိဒေသခံပြည်သူတို့၏ နေအိမ် ၆၂ အိမ်အား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံပြည်သူတစ်ဦးအား လည်ဖြတ်ပြီး ရေကန်တွင်းသို့ ပစ်ချခဲ့သည့် လုပ်ရပ်များ ကျူးလွန်ခဲ့ဖူးသည်။

သျှမ်းပြည်မြောက်ပိုင်း မိုင်းဝီးကျေးရွာအုပ်စု ဟိုပန်ကျေးရွာသည် နေအိမ်စုစုပေါင်း ၆၆ အိမ်တည်ရှိရာ မီးမလောင်သေးသည့် နေအိမ် ၄ အိမ်အား TNLA တပ်ဖွဲ့မှ ၂၀၁၆ ခုနှစ် မေလ ၈ ရက်နေ့တွင် ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်း သာမက သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ်တွင်လည်း TNLA တပ်ဖွဲ့မှ လူ့အခွင့်အရေးကျူးလွန်မှုများ ကျူးလွန်ခဲ့ဖူးပါသည်။

Taifreedom

Facebook

သတင်း