RCSS နှင့် တပ်မတော် ကိုယ်စားလှယ်များ နေပြည်တော်တွင်တွေ့ဆုံ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ နှင့် တပ်မတော် ကိုယ်စားလှယ်များ ယနေ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့၌ နေပြည်တော် စစ်တိုင်းဌာနချုပ် ပေါင်းလောင်းရိပ်သာ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ နှင့် တပ်မတော် ကိုယ်စားလှယ်များ ယနေ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့၌ နေပြည်တော် စစ်တိုင်းဌာနချုပ် ပေါင်းလောင်းရိပ်သာ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

အဓိကအားဖြင့် ပြန်လည်နေရာချထားရေး ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေး ကော်မတီ (JMC) ဆိုင်ရာကိစ္စ ၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော်ဘက်မှ ဗိုလ်ချုပ်ကြီး ရာပြည့် ဦး‌ဆောင်သည့် ကိုယ်စားလှယ် (၅) ဦး နှင့် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS) ဘက်မှ ဗိုလ်ချုပ် ဘောင်ခေး ဦး‌ဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီဝင် ကိုယ်စားလှယ် (၈) ဦး တက်ရောက်‌ဆွေးနွေးခဲ့ကြသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ NRPC နှင့် တွေ့ဆုံပြီး နေ့လည် ထမင်းစားနားချိန်တွင်လည်း RCSS ကိုယ်စားလှယ် ဗိုလ်ချုပ် ဘောင်ခေး နှင့် ဗိုလ်မှူးကြီး စိုင်းငင်းတို့ တပ်မတော် ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး ရာပြည့် နှင့်အလွတ်သဘော တွေ့ဆုံပြီး RCSS ဘက်မှ နယ်မြေထိန်းချုပ်ရေး ၊ JMC အဆင့်ဆင့်မှ လုပ်ငန်းစဥ်ကိစ္စရပ်များ ၊ RCSS အနေနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင်လည်း တစ်ဆို့နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဖြေရှင်းနိုင်ရန် RCSS ကိုယ်စားလှယ်များနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒုတိယ ဥက္ကဋ္ဌ ‌ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Facebook

သတင်း