RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ   RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် အဋ္ဌမအကြိမ်မြောက် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအား ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ၇ ရက်တိတိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

(၇) ရက်သားသမီးများ ကျန်းမာချမ်းသာစေခြင်း၊ ဘေးရန်ကင်းရှင်းစေခြင်း၊ စီးပွားလာဘ်လာဘတိုးပွားစေခြင်းနှင့်  RCSS/SSA တပ်ဖွဲ့ဝင်များဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ရည်ရွယ်ပြီး နေ့ညမပြတ် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို သံဃာတော်များနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA တို့က ဦးဆောင်ကျင်းပနေခြင်းဖြစ်သည်။

RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ယနေ့ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲနေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ  RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဒု-ဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် ခေးငင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မိဘပြည်သူများ တက်ရောက်တရားတော်နာယူခဲ့ကြသည်။

ပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ   RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ရာ ယခု ၂၀၂၁ ခုနှစ်တွင် ၈ ကြိမ်မြောက်ရှိပြီဖြစ်သည်။

RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

Taifreedom

Facebook

သတင်း