RCSS ကိုယ်စားလှယ် နှင့် အစိုးရကိုယ်စားလှယ်တို့ COVID-19 အရေး Video conferencing အစည်းအဝေးပြုလုပ်

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာလအတွင်း သျှမ်းပြည်တိုင်းရင်းသားများအတွက် ကျန်းမာရေးစောက့်ရှောက်ပေးနိုင်ရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များတို့ COVID-19 အရေး Video conferencing အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် နေ့လည် ၁ နာရီခန့်တွင်ပြုလုပ်ခဲ့ပြီး RCSSကိုယ်စားလှယ်ဘက်မှ ဗိုလ်ချုပ်ဘောင်ခေး ၊ ဗိုလ်မှူးကြီး စိုင်းငင်း ၊ ဒုဗိုလ်မှူးကြီး စိုင်းဟန် ၊ ဗိုလ်မှုး စိဏ်းသျဲန်မိုင်၊ စိုင်းလျဲန်း နှင့် စိုင်းစိုင်းငင်းတို့ တက်ရောက်ခဲ့ပြီ အစိုးရကိုယ်စားလှယ်ဘက်မှ ဒေါက်တာ တင်မျိုးဝင်း ၊ ဦးသိန်းဇော် ၊ ဒုဗိုလ်မှုးကြီး ခင်ဇော်ဦး(ငြိမ်း)၊ဒုဝန်ကြီး ဦးလှမော်ဦး နှင့် တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင်းတွင် အဓိကအားဖြင့် COVID-19 ထိန်းချုပ်ရေး ၊ ကုသရေး ၊ နိုင်ငံခြားမှ ပြန်ဝင်လာသူများ ကိစ္စ ၊ ရွေ့ပြောင်းလုပ်သားအရေး ၊ နိုင်ငံတကာ အကူအညီ ၊ ထိတွေ့လူနာ ရှာဖွေရေးကိစ္စနှင့် အထွေထွေကိစ္စများတို့ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့အပြင် RCSS ဘက်မှ မိမိတို့ ကျန်းမာရေးဝန်ထမ်းများမှ ဒေသတွင်း ပြည်သူလူထုများအား ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ပဏာမစစ်ဆေးမှုများပြုလုပ်ခဲ့ခြင်း နှင့် COVID-19 ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်းများအား screening point ဖြင့် ပြောပြရှင်းလင်းသွားခဲ့ပြီး အစည်းအဝေးအား အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင်လည်း ပဥ္စမ ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးအား Online Video Conference ဖြင့် အစည်းအဝေးပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။

Taifreedom

Photo Credit to Facebook Hla Maung Shwe

Facebook

သတင်း