RCSS ပညာရေးဖော်ဆောင်ရေးကော်မတီအား ထိုင်းဖောင်ဒေးရှင်းမှ ပညာရေးမြှင့်တင်မှုစံပြဆုချီးမြှင့်

ထိုင်းနိုင်ငံ DinDeeNamSai Foundation မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ပညာရေး ဖော်ဆောင်ရေးကော်မတီအား ပညာရေးမြှင့်တင်မှု စံပြဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

RCSS ပညာရေးဖော်ဆောင်ရေးကော်မတီအား ထိုင်းဖောင်ဒေးရှင်းမှ ပညာရေးမြှင့်တင်မှုစံပြဆုချီးမြှင့်

ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဖရနခွန် ရာ့ချဘတ် တက္ကသိုလ် (Phranakhon Rajabhat University) အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ ဆုရရှိသည့် အခြားသောဂ္ဂိုလ်များနှင့်အတူ RCSS ၏ ပညာရေးဖော်ဆောင်ရေးကော်မတီ တာဝန်ခံ စိုင်းလန်တိုင်းနှင့် အဖွဲ့ဝင်များက ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ဆုလက်ခံရယူခဲ့သည်။

RCSS ပညာရေးဖော်ဆောင်ရေးကော်မတီအား ထိုင်းဖောင်ဒေးရှင်းမှ ပညာရေးမြှင့်တင်မှုစံပြဆုချီးမြှင့်

ဆုချီးမြှင့်သည့်အခမ်းအနားသို့ ထိုင်းနိုင်ငံရောက် သျှမ်းတိုင်းရင်းသားများအဖွဲ့မှလည်း တက်ရောက်အားပေးခဲ့ကြပြီး စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

တင်တီနမ့်ဆိုင် ဖောင်ဒေးရှင်း (DinDeeNamSai Foundation) မှ ပေးအပ်သည့် စံပြဆုချီးမြှင့်ခြင်းအခမ်းအနားမှာ ၂၀၂၀ ခုနှစ်တွင် ၄ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ဆုအမျိုးအစား (၁၀) မျိုး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း