RCSS ပညာရေးကော်မတီမှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပ

RCSS ဌာနချုပ်ဖြစ်သည့် လွယ်တိုင်းလျဲန်းရှိ အမျိုးသားကျောင်းတွင် RCSS ၏ပညာ‌ရေးကော်မတီမှ ကြီးမှူးပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းဖွင့်ပွဲအခမ်းအနားအား ပြီးမြောက်အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းဖွင့်ပွဲအခမ်းအနားအား ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီ၌  RCSS ဌာနချုပ်ဖြစ်သည့် လွယ်တိုင်းလျဲန်းရှိ အမျိုးသားကျောင်းဆောင်သစ်တွင် ကျင်းပခဲ့ပြီး သံဃာတော်များ၊  RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ် ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူများ နှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၃၁၂ ဦး တက်ရောက်ကြောင်းသိရသည်။

ကျောင်းဖွင့်ပွဲအခမ်းအနားအား အစီအစဥ်အတိုင်း ပြုလုပ်ကျင်းပခဲ့ပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ဗဟိုဌာနချုပ်တွင် အမျိုးသားကျောင်းတည်ဆောက်ရသည့် ရည်ရွယ်ချက် နှင့် ကျောင်းသားကျောင်းသူများ၏ ပညာရေးနှင့် ပတ်သတ်၍ အဖွင့် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီမှလည်း အမှာစကားပြောကြားပြီး၊ ထို့နောက် RCSS ဌာနချုပ်ရှိ လျဲန်းဟန်တိုင်းဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် အရှင်ဥတ္တမ မှ ပြောဆိုဆုံးမသြဝါဒပေးခဲ့သည်။

အလားတူစွာ RCSS ဗဟိုဌာနချုပ် အမျိုးသားကျောင်းတွင် ပညာသင်ကြားပေးနေသည့် ကျောင်းအုပ် နှင့် ဆရာ/ဆရာမများမှလည်း အမှာစကားပြောကြားပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ နိဂုံးချုပ် အမှာစကားပြောကြားပြီးနောက်   ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ၊ ဌာနဆိုင်ရာ အကြီးအကဲများတို့အတူတကွ စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကာ ကျောင်းဖွင့်ပွဲအခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း