RCSS ပညာရေးကော်မတီမှ ဦးဆောင်ပြီးအထက်တန်းကျောင်းအောင်လက်မှတ်ပေးအပ်ပွဲ အောင်မြင်ပြီးမြောက်စွာ ပြုလုပ်ကျင်းပ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS  ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းတွင် RCSS ပညာရေးကော်မတီမှ ဦးဆောင်ပြီး အထက်တန်းအောင်မြင်သည့် ကျောင်းသားကျောင်းသူများအား အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အောင်လက်မှတ်ပေးအပ်ပွဲအခန်းအနားအား ယနေ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS  ဗဟိုဌာနချုပ်ဖြစ်သည့် လွိုင်တိုင်းလျဲန်းတွင်တည်ရှိသည့် သျှမ်းအမျိုးသားကျောင်းဆောင်သစ်တွင် ပြုလုပ်ကျင်းပခဲ့ပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ၊ ဒုတိယ ဥက္ကဋ္ဌ-၂ ဗိုလ်ချုပ်‌ ခေးငင်း ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ကျောင်းသားကျောင်းသူများ မိဘ များ၊ ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမ များ စုစုပေါင်း ၁၂၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းအောက်လက်မှပေးအပ်ပွဲတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ‌ အထက်တန်းကျောင်းအောင်မြင်ခြင်းသည် ပညာရေး နှင့်  နေထိုင်မှုဘဝတိုးတက်ရန်အတွက်  သော့တစ်ခုအဖြစ် အသုံးပြုနိုင်ရုံသာမက ပညာရေးသည် ဖယောင်းတိုင်မီးကဲ့သို့ အမျိုးမျိုးအသုံးပြုနိုင်ပြီး မှန်ကန်သည့် လမ်းကြောင်းတွင်သုံမည်ဆိုလျှင် ကိုယ်ရည်မှန်းထားသည် ဘဝပန်းတိုင်သို့ ရောက်ရှိနိုင်ရုံသာမက လမ်းကြောင်းမှားသုံးလျှင် ကိုယ်ကိုကိုယ် အန္တရာယ်ပေးနိုင်ကြောင်း နှင့် အထက်တန်းအောင်မြင်သည့် ကျောင်းသူကျောင်းသားများသည် မိမိမှာ အရည်အချင်းရှိသူဖြစ်ကြောင်း ၊ မေတ္တာတရားရှိရမည်ဖြစ်ကြောင်း၊ မိမိ၏ပညာအရည်အချင်းသည် အလုပ်ခွင်တွင် သုံးပြုနိုင်ပြီဖြစ်ကြောင်း အောင်မြင်သည့် ကျောင်းသားများနှင့်အခန်းအနားတက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များအား သြဝါဒစကားပြောကြားခဲ့ကြောင်း သိရသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်အပြင်  ဒုတိယ ဥက္ကဋ္ဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ ၊ ဒုတိယ ဥက္ကဋ္ဌ-၂ ဗိုလ်ချုပ်‌ ခေးငင်း နှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း မိန့်ခွန်းပြောကြားခဲ့ပြီး နေ့လည် ၁၁ နာရီခန့်တွင် အောင်လက်မှတ်ပေးအပ်ပွဲအား အောင်မြင်ပြီးမြောက်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

လွိုင်တိုင်းလျဲန်းရှိ သျှမ်းအမျိုးသား အထက်တန်းကျောင်းတွင် သိပ္ပံဘာသာ ၊ သမိုင်း ၊ လူနေမှုဘဝ ၊ မြန်မာဘာသာ ၊ ထိုင်းဘာသာ ၊ အင်္ဂလိပ်ဘာသာ (4 Skills) ၊ အသက်မွေးဝမ်းကျောင်းနှင့်ပတ်သက်သည့် အထွေထွေဘာသာရပ်များကို အကျယ်တဝင့် သင်ကြားပေးကြောင်း သိရှိရသည်။­

Taifreedom

Facebook

သတင်း