RCSS နှင့် TYO တို့ပူးပေါင်းပြီး ဒေသခံပြည်သူများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် စားသောက်ကုန်များဖြင့် ကူညီထောက်ပံ့

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PMC)မှ ကျိုင်းတုံမြို့ရှိ RCSS ဆက်ဆံရေးရုံးထံသို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးပို့ခဲ့သဖြင့် ဆက်ဆံရေးရုံးတာဝန်ရှိပုဂ္ဂိုလ်များ ၊ အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များ နှင့် သျှမ်းလူငယ်အဖွဲ့အစည်း TYO တို့ပူးပေါင်းပြီး သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု ပန်လေကျေးရွာ ၊ နမ့်လင်းကောင်းကျေးရွာ နှင့် နမ့်လင်းမိုင်ကျေးရွာတွင် နေထိုင်သော ဒေသခံပြည်သူများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ၊ ဆန် နှင့် စားသုံးဆီများဖြင့် သွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

အလားတူစွာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင်လည်း ဆက်ဆံရေးရုံးတာဝန်ရှိပုဂ္ဂိုလ်များ ၊ အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များ နှင့် သျှမ်းလူငယ်အဖွဲ့အစည်း TYO တို့ပူးပေါင်းပြီး ကျိုင်းတုံခရိုင် လွယ်မွေမြို့နယ် မိုင်းငွန်းကျေးရွာအုပ်စုနှင့် မိုင်းကိုင်ကျေးရွာအုပ်စုတွင် နေထိုင်သော ဒေသခံပြည်သူများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ နှင့် စားသုံးကုန်ပစ္စည်းများဖြင့် သွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင်  ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ နှင့် ၁၇ ရက်နေ့တွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ ကျန်းမာရေးဝန်ထမ်းများမှ သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ၊ မောက်မယ်မြို့နယ် ၊ မိုင်းပွန်မြို့နယ် ၊ နမ့်စန်မြို့နယ် ၊ ကျိုင်းတောင်းမြို့နယ် မိုင်းပန်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများ ၊ ကျေးရွာများတွင် နေထိုင်သော ဒေသခံပြည်သူ စုစုပေါင်း ၁၃၉၀ ဦးအား COVID-19 သံသယလူနာရှိမရှိစစ်ဆေးပေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်းများစသည့် COVID-19 ကာကွယ်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း