RCSS  ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကောလိပ်ကျောင်းစတင်ဖွင့်လှစ်

သျှမ်းအမျိုးသားပညာရေးကဏ္ဍအတွက် ရှေးရှု၍ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဌာနချုပ်တွင် ဇူလိုင်လ ၂၄ ရက်နေ့က လွယ်တိုင်းလျဲန်းကောလိပ် (Loi Tai Leng College) ကျောင်းဖွင့်ပွဲကို အခမ်းအနားဖြင့် ကျင်းပခဲ့သည်။

နိုင်ငံတစ်နိုင်ငံအတွက် အဓိကကျသော ပညာရေးကို အဆင့်မြင့်တင်နိုင်ရန်နှင့် လူငယ်များကို ပြုစုပျိုးထောင်နိုင်ရန်အတွက် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ၏ ပညာရေးဖော်ဆောင်ရေး ကော်မတီမှ ဦးဆောင်၍ ကောလိပ်ကျောင်း စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကို RCSS ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုင်းယီ၊ RCSS ပညာရေး‌ဖော်ဆောင်ရေးကော်မတီ ညွန်ကြားရေးမှူး  ဗိုလ်ကြီး လန်တိုင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသားကျောင်းသူများ နှင့် မိဘပြည်သူများ စုစုပေါင်း (၄၃၀) ဦး တက်ရောက်အားပေးခဲ့သည်။

RCSS  ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကောလိပ်ကျောင်းစတင်ဖွင့်လှစ်

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ – ကောလိပ်ဖြစ်မြောက်ရေးအတွက် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရကြောင်း၊ ယခု ကောလိပ်ကျောင်း ဖွင့်လှစ်နိုင်ပြီဖြစ်လို့ လူငယ်များအတွက် ပညာရေးအခွင့်အလမ်းတစ်ခု ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍလည်း မှေးမှိန်သွားခဲ့ပြီး ဖက်ဒရယ်ပညာရေးစနစ် ပေါ်ပေါက်လာကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် RCSS ဒုဥက္ကဋ္ဌ-၁ ဗိုလ်ချုပ် စိုင်းယီက ကျောင်းသူကျောင်းသားများထံ အားပေးစကားပြောကြားခဲ့ပြီး RCSS ပညာရေး‌ဖော်ဆောင်ရေးကော်မတီ ညွန်ကြားရေးမှူး  ဗိုလ်ကြီး လန်တိုင်းမှ လွယ်တိုင်းလျဲန်းကောလိပ်ကျောင်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

RCSS  ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကောလိပ်ကျောင်းစတင်ဖွင့်လှစ်

လွယ်တိုင်းလျဲန်းကောလိပ်ကျောင်းတွင် ပထမဦးစွာ Political Science နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အဓိကထားသင်ကြားပေးမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ကာ ၂၀၂၃ ခုနှစ်အထိ (၂) နှစ်တာ သင်ကြားပေးမည်ဖြစ်သည်။

၄င်းအပြင် အစိုးရနှင့်နိုင်ငံရေးဘာသာရပ် Politics and Government ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဘာသာရပ် Public Administration ၊ နိုင်ငံတကာဆက်ဆံရေး ပညာရပ် International Affairs တို့ကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

RCSS  ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကောလိပ်ကျောင်းစတင်ဖွင့်လှစ်RCSS  ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကောလိပ်ကျောင်းစတင်ဖွင့်လှစ်RCSS  ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကောလိပ်ကျောင်းစတင်ဖွင့်လှစ်RCSS  ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကောလိပ်ကျောင်းစတင်ဖွင့်လှစ်RCSS  ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကောလိပ်ကျောင်းစတင်ဖွင့်လှစ်

Taifreedom

Facebook

သတင်း