RCSS ကျောပိုးအိပ်ကျန်မာရေးဆေးလုပ်သားအဖွဲ့နှင့် MSI တို့ပူးပေါင်းပြီး ဒေသတွင်းပြည်သူလူထုတွေ့ဆုံပွဲလုပ်ကျင်းပ

သျှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင်း ကွန်ကျောင်းကျေးရွာတွင် RCSS ကျောပိုးအိပ်ကျန်မာရေးဆေးလုပ်သားအဖွဲ့နှင့် ကွန်ဟိန်းမြို့နယ် Marie stopes international (MSI)တို့ ပူးပေါင်းပြီး ဒေသခံပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်းခဲ့ သတင်းရရှိသည်။

အဆိုပါဒေသခံပြည်သူလူထုတွေ့ဆုံပွဲအား ကျေးရွာ ဥက္ကဋ္ဌ ၊ ရပ်မိရပ်ဖများ ၊ ကျောပိုးအိပ်ကျန်မာရေးဆေးလုပ်သားများ (Backpack) နှင့် MSI မှ ဒေါက်တာမြန်မာဟိန်းကျော် တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

RCSS ကျောပိုးအိပ်ကျန်မာရေးဆေးလုပ်သားအဖွဲ့နှင့် MSI တို့ပူးပေါင်းပြီး ဒေသတွင်းပြည်သူလူထုတွေ့ဆုံပွဲလုပ်ကျင်းပ

အစည်းအဝေးအား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်၌ ကွန်ဟိန်းမြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စု ကွန်ကျောင်းကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံပွဲတွင် ကာကွယ်ဆေးနှင့် ကျန်းမာရေးအသိပညာဟောပြောခြင်း စသည့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ အတူတကွလုပ်ဆောင်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဒေသတွင်းကျန်မာရေးကော်မတီ ဖွဲ့စည်းနိုင်ခဲ့ပြီး ကော်မတီအဖွဲ့ဝင် ၄၇ ဦးရှိကြောင်း သိရသည်၊

အစည်းအဝေးပြီးစီးပြီးနောက် RCSS ကျောပိုးအိပ်ကျန်းမာရေးဆေးလုပ်သားများမှ ပြည်သူလူထုများအား ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူစွာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း RCSS ကျောပိုးအိပ်ကျန်မာရေးဆေးလုပ်သားအဖွဲ့မှ မိုင်းကိုင်မြို့နယ် မိုင်းယွန်းကျေးရွာအုပ်စုတွင် ‌ဒေသခံပြည်သူလူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး မိုင်းယွန်းကျေးရွာအုပ်စုတွင်းရှိ ကျေးရွာပေါင်း ၁၆ ကျေးရွာမှ ကျေးရွာ ဥက္ကဋ္ဌများ ၊ ရပ်မိရပ်ဖများ တက်ရောက်ကာ ကာကွယ်ဆေးနှင့် ကျန်းမာရေးအသိပညာဟောပြောခြင်း စသည့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ အတူတကွလုပ်ဆောင်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဒေသတွင်းကျန်းမာရေးကော်မတီဖွဲ့စည်းနိုင်ခဲ့ပြီး ကော်မတီအဖွဲ့ဝင် ၄၄ ဦးရှိကြောင်း သိရသည်။

Taifreedom

Facebook

သတင်း