RCSS ကိုယ်စားလှယ် နှင့် အစိုရကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်းတွင် တွေ့ဆုံ

ယနေ့ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုယ်စားလှယ်  နှင့် အစိုးရကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ဗိုလ်ချုပ် ပေါင်ခေး ဦးဆောင်သည့် ကိုယ်စားလှယ် ၄ ဦး၊ အစိုးရဖက်မှ ဒေါက်တာ တင်မျိုးဝင်းဦး‌ဆောင်သည့် ကိုယ်စားလှယ် ၆ ဦးနှင့် တပ်မတော်ကိုယ်စားလှယ် ၂ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တွေ့ဆုံပွဲတွင် JICM အစည်းအဝေးပြန်လည်ကျင်းပနိုင်ရေး နှင့် ရှေ့ဆက်ငြိမ်းချမ်းရေး လုပ်ငန်းစဥ် တို့အား အဓိကထားပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း