RCSS ကိုယ်စားလှယ်များ ပင်လုံနှင့်နေပြည်တော်တွင် ကျင်းပသည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုနေ့ (၇၃) နှစ်မြောက်ကျရောက်ခဲ့ပြီဖြစ်၍ အစိုးရကိုယ်စားလှယ်များ၏ ဖိတ်ကြားချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်များသည် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ နှင့် နေပြည်တောင်တွင်ကျင်းပသည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ပြည်ထောင်စုကျောက်စာတိုက်ကွင်း၌ ကျင်းပသည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ဗိုလ်မှူးကြီး ဆောင်းဟန်ဦးဆောင်သည့် RCSS ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

RCSS ကိုယ်စားလှယ်များ ပင်လုံနှင့်နေပြည်တော်တွင် ကျင်းပသည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်

ပင်လုံမြို့တွင် ကျင်းပသည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားခဲ့ကာ သျှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်မှပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားပြီး ထိုအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ၊ သျှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စားလှယ်များ ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ ၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA-ESS) နှင့် ပင်လုံစာချုပ်ရေးထိုးရာတွင် ပါဝင်သည့် သျှမ်း၊ချင်း၊ ကချင် ခေါင်းဆောင်များ၏ ဆွေမျိုးများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

၎င်းနေ့ ညနေပိုင်း၌ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်သည့် RCSS ကိုယ်စားလှယ်များသည် နေပြည်တော်တွင် ကျင်းပသည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်တွင် ကျင်းပသည့် ညစာစားပွဲကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်များ ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ ၊ တပ်မတော်ကိုယ်စားလှယ်များ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ နိုင်ငံရေးပါတီဝင်များ ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးများ နှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

Taifreedom

Facebook

သတင်း