RCSSမှ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ကျန်းမာရေး ဝန်ထမ်းများမှ သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ၊ ပင်လုံမြို့နယ် နှင့် လင်းခေးမြို့နယ်တို့တွင် ဒေသခံပြည်သူစုစုပေါင်း ၈၄၈ ဦးတို့အား COVID-19 သံသယလူနာရှိမရှိစစ်ဆေးခြင်း နှင့် ကြို့တင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု ၊ နာလောကျေးရွာအုပ်စု ၊ နားမွန်းကျေးရွာအုပ်စု ၊ ဆုတ်ဟွေကျေးရွာအုပ်စု နှင့် ဝမ်တာကျေးရွာအုပ်စု နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တို့တွင် RCSS ကျန်းမာရေးဝန်ထမ်းများမှ အစိုးရကျန်းမာရေဝန်ထမ်းများသို့ Hand Gel၊ နှာခေါင်းစည်း၊ PPE ဝတ်စုံ နှင့် ပိုးသတ်ဆေး စသည့်ဆေးဖက်သုံးပစ္စည်းကိရိယာများ ဖြန့်ဝေကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း