RCSSမှ ဒေသခံပြည်သူလူထုများအား COVID-19 သံသယလူနာရှိမရှိစစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပေးခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများမှ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စု၊ကျေးရွာများတွင် နေထိုင်ကြသော ဒေသခံပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိစစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပေးခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ယားယံခြင်း ၊ ချောင်းဆိုးခြင်း ၊ လည်ချောင်းနာခြင်း၊ သွေးတို နှင့် ဝမ်ပျက်ဝမ်လျော စသည့် ရောဂါသည်များလည်း စစ်ဆေး၍ သောက်ဆေးလိမ်းဆေးများ ပေးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်း လင်းခေမြို့နယ်တွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းများမှ ဒေသခံပြည်သူများ၏ လယ်ယာ၊တောင်ယာလုပ်ငန်းများ ဝိုင်းဝန်ကူညီပေးခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း