RCSSမှ ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း နှင့် လယ်ယာလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်

သျှမ်းပြည်တွင်း နေထိုင်ကြသော တိုင်းရင်းသားများ၏ လယ်ယာ၊တောင်ယာ ကောက်ရိတ်လုပ်ငန်းများတွင် အကူအညီဖြစ်စေရေး နှင့် ဆောင်းရာသီတွင် ကျန်းမာရေးကောင်မွန်စေရေးဆိုသည့် ရည်ရွည်ချက်ဖြင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော်(RCSS/SSA)၏ နယ်မြေခံတပ်ရင်းများတွင် တာဝန်ထမ်းဆောင်နေသည့် တပ်သားများ နှင့် ကျန်းမားရေးဝန်ထမ်းများမှ ကျေးသီးမြို့နယ် ပင်လုံမြို့နယ် နမ္မတူမြို့နယ်တို့တွင် နေထိုင်ကြသော ဒေသခံပြည်သူများအား အကူအညီပေးခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် သျှမ်းပြည်တွင်း နေထိုင်ကြသော တိုင်းရင်းသားများ၏ လယ်ယာ၊တောင်ယာ ကောက်ရိတ်လုပ်ငန်းများတွင် အကူအညီဖြစ်စေရေးဆိုသည့် ရည်ရွယ်ချက်အရ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်၊ ကျေသီးမြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တိုတွင် ဒေသခံပြည်သူများအား ကောက်ရိတ်ခြင်း နှင့် ကောက်သိမ်းခြင်း စသည့် လယ်ယာလုပ်ငန်းများ ဝိုင်းဝန်းကူညီခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ဆောင်းရာသီတွင် ကျန်းမာရေးကောင်မွန်စေရေးအတွက်ဆိုသည့်ရည်ရွယ်ချက်အရ RCSS/SSA နယ်မြေခံတပ်ရင်းများမှ ကျန်းမာရေးဝန်ထမ်းများသည် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် နေထိုင်ကြသော ဒေသခံပြည်သူများ၏ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Taifreedom

Facebook

သတင်း