PNLO မှ တစ်ဖက်သတ်တိုက်ပွဲဖန်တီးကာ RCSS မှ ဝင်ရောက်တိုက်ခိုက်သည်ဟု မဟုတ်မမှန်သတင်းဖြန့်ပွား

PNLO တပ်စခန်းအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) မှ ဝင်ရောက်ပစ်ခတ်သည် ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိသော သတင်းမှားသာဖြစ်ကြောင်း သိရှိရသည်။

လူမှုကွန်ယက်စာမျက်နှာ-ခမ်းထီရေဒီယို (KhamHti Radio) တွင်ရေးသားထားသည်မှာ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စု အတွင်းရှိ PNLO တပ်စခန်းအား  ၂၀၂၂ ခုနှစ် ည ၁၀:၀၀ နာရီတွင် RCSS/SSA မှ ဝင်ရောက်ပစ်ခတ်သောကြောင့် မိနစ် ၃၀ ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး  RCSS/SSA တပ်ဖွဲ့မှ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ဖေါ်ပြထားကြောင်းတွေ့ရှိရသည်။

ဤသတင်းနှင့် ပတ်သက်၍ ဒေသတွင်း တာဝန်ရှိသူတစ်ဦးအား မေးမြန်းချက်အရ ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ ည ၁၀:၂၀ နာရီတွင် လည်းကောင်း၊ ညသန်းခေါင် ၀၀:၁၅ နာရီတွင်လည်းကောင်း လွယ်မောတောင်တွင် စခန်းချထားသည့် PNLO တပ်ဖွဲ့ဝင်များမှ စက်သေနတ်ဖြင့်လည်းကောင်း၊ M79ဖြင့်လည်းကောင်း လွယ်မော‌တောင်၏ တောင်ဘက်ခြမ်းသို့ တစ်ဖက်သက် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ပြောပြခဲ့သည်။

PNLO တပ်ဖွဲ့ဝင်များမှ လွယ်မော‌တောင်၏ တောင်ဘက်သို့ တစ်ဖက်သက် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး RCSS အပေါ် တစ်ဖက်သတ်စွပ်စွဲကာ လူမှုကွန်ယက်စာမျက်နှာ-ခမ်းထီရေဒီယို (KhamHti Radio) မှ သတင်းရေးသားတင်ပြခဲ့သည်။

Taifreedom