PDF နှင့် တပ်မတော်တို့ ပဋိပက္ခအကြား RCSS ဝင်ရှုပ်မည်မဟုတ်

1009 INFANTRY (IPDF)မှ ထုတ်ပြန်ထားသည့် ပြည်သူပန်ကြားချက်အတိုင်း စီးပွားရေး အပေးအယူလုပ်၍ တပ်မတော်က RCSS/SSA တပ်ဖွဲ့ကို တိုက်ပွဲအတွင်း ဆွဲသွင်းလာသည် ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိသည့် ကောလဟာလသတင်းသာဖြစ်သည်။

၁၀၀၉ တပ်ရင်း (အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ IPDF)မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည့် ပြည်သူပန်ကြားချက်တွင် ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ IPDF နှင့် တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအကြောင်း ရေးသားဖော်ပြထားပြီး စီပွားရေးအပေးအယူ ပြုလုပ်၍ RCSS/SSA ကို တိုက်ပွဲတွင်းသို့ ဆွဲသွင်းလာသည့် သတင်းများကို ကြားလာခဲ့ရသည်ဟုလည်း ရေးသားဖော်ပြထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA သည် သျှမ်းပြည်တောင်ပိုင်းတွင် ဖြစ်ပွားသည့် PDF နှင့် တပ်မတော် တိုက်ပွဲများတွင်းသို့ ပါဝင်ရှုပ်ထွေးရန် ရည်ရွယ်ချက်မရှိသည့်အပြင်  ဒေသခံပြည်သူများကို ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူမဆန်‌သောလုပ်ရပ်များကိုလည်း RCSS/SSA မှ ကန့်ကွက်ရှုံ့ချပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် ရပ်တည်မှုဖြင့် နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်နေပြီး ကောလဟာလသတင်းများကဲ့သို့ စီးပွားရေး အခွင့်အရေးများကြောင့် NCA  လက်မှတ်ရေးထိုးရခြင်းမဟုတ်ပါ။ RCSS/SSA အပေါ် ပြည်သူလူထုများ အထင်အမြင်လွှဲမှားစေမည့် လုပ်ကြံသတင်းများ သာဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) နိုင်ငံရေး ဆွေးနွေးမှုကြောင့် ပြည်သူလူထုများနှစ်ပေါင်းများစွာ ကြုံတွေ့လာခဲ့သည့် တိုက်ပွဲများအား လျော့ချနိုင်ပြီး တည်ငြိမ်အေးချမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည် တည်ထောင်နိုင်ရန်၊ ပြည်သူလူထုများအတွက် ကောင်းကျိုးများရှိသည်ဟူသော ရည်ရွယ်ချက်ဖြင့် NCA လက်မှတ်ရေးထိုးရခြင်းဖြစ်သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင် မည်ဟု လက်စွဲယုံကြည်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Tai Freedom

Facebook

သတင်း