DKBA စစ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စောစတီး  တာဝန်ယူ၊ RCSS မှဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၏ လစ်လပ်လျက်ရှိသော စစ်ဦးစီးချုပ် တာဝန်ကို ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်အရ ဒုတိယဗိုလ်ချုပ်ကြီး စောစတီးကို စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီးအား စစ်ဦးစီးချုပ်အဖြစ် တာဝန်အပ်နှင်းသည့်အပေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း DKBA သို့ သဝဏ်လွှာပေးပို့ခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီးသည် တော်လှန်ရေးကာလတစ်လျှောက်လုံးတွင် တာဝန်ကျေပြွန်ခဲ့သည့် တပ်မှူးတစ်ဦးဖြစ်ပြီး လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် လိုက်လျောညီထွေသည့် နိုင်ငံရေး၊ စစ်ရေးအမြင်ရှိသော ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်သောကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ပန်းတိုင်ထံသို့ DKBA အား ဦးဆောင်၍ ညီနောင်တိုင်းရင်းသား လက်နက်ကိုင် တောင်လှန်ရေး အဖွဲ့အစည်းများနှင့် လက်တွဲကာ အရောက်လှမ်း ချီတက်နိုင်လိမ့်မည်ဟု လေးနက်စွာ ယုံကြည်ပါသည်။

DKBA စစ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စောစတီး  တာဝန်ယူ၊ RCSS မှဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

လက်ရှိ နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) သည် DKBA အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

ယခင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးမှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က ကိုဗစ်ရောဂါဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံစစ်ဆေးရုံ၌ ကွယ်လွန်ခဲ့ပြီးနောက် စစ်ဦးစီးချုပ်နေရာ လစ်လပ်ခဲ့သည်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။

Taifreedom

Facebook

သတင်း