COVID-19 ရောဂါကူးစက်ခံရသူ ၁၂ ဦးထပ်မံတွေ့ရှိ

ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ ၁၂  ဦးထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်မြို့ရှိ အသွားအလာကန့်သတ်ထားသူများအနက် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်နေ အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် နှင့် ရန်ကုန်မြို့ အသွားအလာကန့်သတ်ထားသူ ၄ ဦး စုစုပေါင်း ၅ ဦးတို၏ ဓါတ်ခွဲစစ်ဆေးမှုအရ COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးတွင် ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့မှုရှိပြီး ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်ထားသူများအား ဓါတ်ခွဲနမူနာစစ်ဆေးမှုအရ COVID-19 ရောဂါပိုးတွေ့ရှိသူ ၇ ဦးရှိပြီး ၎င်းတို့အား သက်ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်း၍ ကုသပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့  ၂၀၂၀ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုလက်ရှိအချိန် ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူဟု ဓါတ်ခွဲအတည်ပြုလူနာ 139 ဦးရှိပြီး လူနာ ၅ ဦးသေဆုံးကာ နမူနာဓါတ်ခွဲစစ်ဆေးမှုအရ ရောဂါကင်းစင်သည့် လူနာ ၉ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း