ဟိုပုံးမြို့နယ် ၊လွိုင်လင်မြို့နယ် လဲချားမြို့နယ် နှင့် ပင်လုံမြို့နယ် တို့တွင် COVID-19 စစ်ဆေးပေး

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ၊လွိုင်လင်မြို့နယ် လဲချားမြို့နယ် နှင့် ပင်လုံမြို့နယ်တွင်းရှိ ဖောင်ဆိုင်ကျေးရွာအုပ်စု ၊ ဆနင်းကျေးရွာအုပ်စု ၊ နောင်လင်‌ကျေးရွာအုပ်စု ၊ ပင်ဟူးကျေးရွာအုပ်စု  နှင့် ဝမ်ယိုင်းကျေးရွာအုပ်စုတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ဒေသခံ ပြည်သူလူထုစုစုပေါင်း ၃၀၈ ဦးအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာ ရှိမရှိ စစ်ဆေးပေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း