သျှမ်းပြည်မြောက်ပိုင်းတွင် SSPP တပ်ဖွဲ့မှ အတင်းအဓမ္မ လူသစ်စုဆောင်းနေ

သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်အသီးသီးတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့တို့ အဓမ္မ လူသစ်လိုက်လှံ စုဆောင်းပြီး လူမပေးပါက နေအိပ်အထိ လိုက်ဖမ်းဆီးမည်ဟု ပြောဆိုခြိမ်းခြောက်သည့်အပြင် လမ်းပန်းပြုပြင်ရန် ဆိုသည့်အကြောင်းပြချက်ဖြင့် ဒေသခံပြည်သူများထံ ငွေကြေးကောက်ခံမှုရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် မေလ ၄ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် SSPP တပ်ဖွဲ့တို့မှ ပုန်းကန်ကျေးရွာတွင် လူ ၄၀ ဦးနှင့် ဝမ်ပတ်ကျေးရွာတွင် လူ ၁၅ ဦးတို့အား SSPP တပ်ဖွဲ့ထံ တာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းသည့်အပြင် လူမပေးပါက နေအိမ်အထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားမည်ဟု ခြိမ်းခြောက်မှုတွေကြောင့် ဒေသခံ ပြည်သူအနေဖြင့် စိုးရိမ်းထိန့်လှန့်နေရကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

ထို့အပြင် ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် နားဆိုင်ကျေးရွာအုပ်စု၊ မန်စံကျေးရွာအုပ်စုတွင် လမ်းပန်းဆက်သွယ်ရေး ပြုပြင်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ဒေသခံပြည်သူများထံ သဲခကျောက်ခ တစ်အိမ်လျှင် ၉၀၀၀ ကျပ် နှင့် ဆန် ၉ ခွဲ အဓမ္မကောက်ခံသည့်အပြင် တံတားများပြုပြင်ရန်ဆိုပြီး ဒေသခံပြည်သူများအား တစ်အိမ်လျှင် တစ်ဦး လုပ်အားပေးရမည်ဟု အတင်းချောဆွဲခေါ်ယူခဲ့ကြောင်း ဒေသတွင်းသတင်းပေးပို့မှုကြောင့် သိရှိရသည်။

SSPP တပ်ဖွဲ့သည် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ လားရှိူးမြို့နယ် ၊ နမ္မတူမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်လန်မြို့နယ် စသည့်မြို့နယ်များတွင် အိမ်ထောင်စုစာရင်းများအား လိုက်လှံကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများ ပြုလုပ်သည့်အပြင် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ၊ မိုင်းကိုင်မြို့နယ် ၊ ပင်လုံမြို့နယ်မှာလည်း အိမ်ထောင်စုစာရင်းများ ကောက်ခံနေလျက်ရှိသည်။

taifreedom

Facebook

သတင်း