သဘောတူစာချုပ် အတုအယောင်နှင့် သတင်းအမှားသာ ဖြစ်ကြောင်း ရှင်းလင်းခြင်း

လက်ရှိတိုင်းပြည်နိုင်ငံရေး အကျပ်အတည်းကာလတွင် မိမိကြိုက်နှစ်သက်အားပေးထောက်ခံသော အဖွဲ့အစည်းတစ်ခုခုကို မျက်စိစုံမှိတ်၍ တစ်ဖက်စွန်းထောက်ခံသူများသည် အခြားအဖွဲ့အစည်းတစ်ခုခုကို အမြင်အထင်လွဲမှားစေရေးနှင့် မိမိထောက်ခံသော အဖွဲ့အစည်းတစ်ခုခုကို ထောက်ခံ အားပေးလာစေရေးအတွက် သတင်းအမှားများကို  နည်းလမ်းပေါင်းစုံဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းကျင့်ဝတ်သိက္ခာမဲ့စွာ အဆက်မပြတ် ဖော်ပြလာသည်ကို တွေ့ရှိရပါသည်။

သဘောတူစာချုပ် အတုအယောင်နှင့် သတင်းအမှားသာ ဖြစ်ကြောင်း ရှင်းလင်းခြင်း

ဒီနေ့ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၈)ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)တို့အကြား နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ပဏာမ သဘောတူညီချက် ဟူသော တကယ့်သဘောတူ စာချုပ်ကဲ့သို့ ထင်ရသော စာချုပ်အတုတစ်ခု၊ သတင်းအမှားတစ်ရပ်ကို တစ်စုံတစ်ဦး  သို့မဟုတ် တစ်စုံတစ်ခုသော အဖွဲ့အစည်းက လူမှုကွန်ရက်ပေါ်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ချိ သတင်းတင် ဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်။

RCSSသည် PPST အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်နှင့်အညီ လက်ရှိ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)နှင့်အတူတကွ ပူးပေါင်း လက်တွဲ ဆောင်ရွက်နေပါသည်။

သဘောတူစာချုပ် အတုအယောင်နှင့် သတင်းအမှားသာ ဖြစ်ကြောင်း ရှင်းလင်းခြင်း

ထို့ကြောင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသော NUG နှင့် RCSS ပဏာမ သဘောတူညီချက် ဟူသော သဘောတူညီချက်သည် အတုအယောင်သာဖြစ်ပြီး သတင်းအမှားသာ ဖြစ်ကြောင်း RCSS၏ သတင်းနှင့် ပြန်ကြားရေးဌာန ရှင်းလင်းချက်ကို တင်ပြခြင်း ဖြစ်ပါသည်။

Taifreedom