ဖိတ်ကြားချက်အရ နစက ဉက္ကဌနှင့် တွေ့ဆုံဆွေးနွေးရန် RCSS ဉက္ကဌ နေပြည်တော်သို့ သွားရောက်မည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ဖိတ်ခေါ်ချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဉက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပါအဝင် လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးတို့ကို ဆွေးနွေးရန်အတွက် နေပြည်တော်သို့ မကြာမီကာလအတွင်း သွားရောက်မည်ဟု သတင်းရရှိသည်။

RCSS ကိုယ်စားလှယ်အဖွဲ့တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်သည့် ဗိုလ်မှူးကြီး ဆောင်းဟန်၊ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး၊ ဗဟိုဦးဆောင်ကော်မတီဝင်များ ဖြစ်သည့် ဗိုလ်မှူး နန်းမိုးမိုးစော၊ ဗိုလ် မှူးနန်းစံဖောင်းတို့နှင့် အထောက်အကူပြုများ ပါဝင်ကြောင်း ကြားသိရသည်။

နေပြည်တော်တွင် ရှိနေစဉ် သုံးရက်တာ ကာလအတွင်း ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ အပါအဝင် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့နှင့် လက်ရှိနိုင်ငံရေး အကျပ်အတည်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ အခြားအရေးကြီးသည့်ကိစ္စရပ်များ နှင့် Bilateral ဆိုင်ရာ လုပ်ငန်းများကို ဆွေး နွေးညှိနှိုင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဤတကြိမ် နေပြည်တော်ခရီးစဉ်သည် လက်ရှိနိုင်ရေးအကျပ်အတည်း ဖြေရှင်းရေး၊ ယုံကြည်မှု တည်ဆောက်မှု မြှင့်တင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတို့အတွက် အထောက်အပံ့ ဖြစ်မည်ဟု RCSSမှ ယုံကြည်ကြောင်း RCSS ခေါင်းဆောင်တစ်ဦးကို ကိုးကားပြီး RCSSနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုပါသည်။

Taifreedom

Facebook

သတင်း