ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား RCSS ဌာနချုပ်နှင့်ထိန်းချုပ်နယ်မြေများတွင် မီးရှို့ဖျက်ဆီးခဲ့

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပေါ်လစီအရလည်းကောင်း၊ ပြည်နယ်အဆင့် အပစ်ရပ်စဲရေး ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့်လည်းကောင်း သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဌာနချုပ် လွယ်တိုင်းလျဲန်း၊ အမှတ် (၁) စစ်ဒေသနှင့် တပ်မဟာ (၇၀၇) နယ်မြေများတွင်  မီးရှို့ဖျက်ဆီးခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွှဲ ၂:၄၅ အချိန်မှစ၍ RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို သံဃာတော်များ၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ခေးငင်း၊  ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်ဖွဲ့ဝင်များ၊ ကျောင်းသား/သူများ နှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်၊ သံဃာတော်များနှင့် တာဝန်ရှိသူများက အမှာစကားပြောကြားပြီးနောက် မွန်းလွှဲ ၃:၂၅ အချိန်တွင် ဖမ်းဆီးရမိသည့် ယာဘစိတ်ကြွရူးသွပ်ဆေးပြား ၄၀၀,၀၀၀ ပြားကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား RCSS ဌာနချုပ်နှင့်ထိန်းချုပ်နယ်မြေများတွင် မီးရှို့ဖျက်ဆီးခဲ့

အမှတ် (၁) စစ်ဒေသတွင်လည်း RCSS/SSA တပ်မဟာ (၈) တပ်ရင်း (၁၀၈) မှ ဒုတပ်ရင်းမှူး ဦးဆောင်၍ ဖမ်းဆီးရမိသည့် ယာဘစိတ်ကြွရူးသွပ်ဆေးပြား ၃၆,၂၇၉ ပြားကို အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးခဲ့ရာ သံဃာတော်များနှင့် ရပ်မိရပ်ဖများ စုစုပေါင်း ၁၀၀ ကျော်က အသိသက်သေအဖြစ် အခမ်းအနားတက်‌ရောက် ခဲ့ကြသည်။

ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင်လည်း တပ်မဟာ (၇၀၇) နယ်မြေတစ်နေရာ၌ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀,၆၉၅ ပြား၊ ဘိန်းညိုမှုန့် ၃၀၄ ကီလိုဂရမ်၊ အက်ဆစ် ၄၃,၅၆၀ လီတာ၊ ဆိုဒါမှုန့် ၃၆,၀၀၀ ကီလိုဂရမ်တို့ကို သံဃာတော်များ နှင့်ရပ်မိရပ်ဖများရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား RCSS ဌာနချုပ်နှင့်ထိန်းချုပ်နယ်မြေများတွင် မီးရှို့ဖျက်ဆီးခဲ့

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS  နှင့် အစိုးရအကြား ပြည်နယ်အဆင့် နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ယခုလို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အနေဖြင့် မူးယစ်ဆေးဝါးများ အမှန်တကယ် ပပျောက်သွားစေရန်အတွက် ‌ဒေသခံမိဘပြည်သူများနှင့်လက်တွဲပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား RCSS ဌာနချုပ်နှင့်ထိန်းချုပ်နယ်မြေများတွင် မီးရှို့ဖျက်ဆီးခဲ့

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား RCSS ဌာနချုပ်နှင့်ထိန်းချုပ်နယ်မြေများတွင် မီးရှို့ဖျက်ဆီးခဲ့

Taifreedom

Facebook

သတင်း