ပြောင်းဖူးချိုးနေသော ‌ပြည်သူများအား SSPP/SSA တပ်ဖွဲ့မှ လက်နက်ကြီးဖြစ်ပစ်ခတ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ပြောင်းဖူးချိုးနေသည့် ဒေသခံပြည်သူများအား ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့မှ လက်နတ်ကြီးဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ နေလည် ၁၂:၄၀ နာရီခန့်တွင် နမ္မတူမြစ်၏ အရှေ့ဘက်တွင် စခန်းချထားသည့် SSPP/SSA တပ်ဖွဲ့မှ နမ္မတူမြစ်၏ အနောက်ဘက်တွင် တည်ရှိသည့် နောင်ရှင်ကျေးရွာအုပ်စု နားအော်ကျေးရွာအနီးရှိ ပြောင်းဖူးခြံတွင် ပြောင်းဖူးချိုးနေသော ဒေသခံပြည်သူများအား ၁၀၇ မမ လက်နက်ကြီးနှင့် စက်သေနတ်တို့ဖြစ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဤကိစ္စနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးမှ ပြောင်းဖူးချိုးသိမ်းနေချိန်တွင် SSPP/SSAမှ လက်နက်ကြီး ၇ လုံး ၊ ၈ လုံးလောက် ပစ်ခတ်လာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုလည်းမရှိသဖြင့် အဘယ်ကြောင့် ပစ်ခတ်သည်ကို သိရှိခြင်းမရှိကြောင်း နှင့် ကံကောင်း၍သာ ပြောင်းဖူးချိုးနေသော ဒေသခံပြည်သူများမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း ပြောပြခဲ့ပါသည်။

ပြောင်းဖူးချိုးနေသော ဒေသခံပြည်သူများအား SSPP/SSAမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စပါးများ ၊ ပြောင်းဖူးများ အစရှိသည့် ကောက်ပဲသီးနှံများ မရိတ်သိမ်းရသေးသည့် နမ္မတူမြစ် အနီးတစ်ဝှက်တွင် နေထိုင်ကြသော ဒေသခံပြည်သူများအတွက် ကြောက်လန့်စိုးရိမ်မှုဖြစ်ပွားစေသဖြင့်  ၎င်းတို့၏ ကောက်ပဲသီးနှံများ သွားရောက်ရိတ်သိမ်းရန် မရဲမဝံ့ဖြစ်နေကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း