နမ့်ခမ်းမြို့မစျေးထဲ TNLA စစ်ကြောင်းများဖြင့် ဆက်ကြေးကောက်ခံနေ

ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ရှိ နမ့်ခမ်းမြို့မစျေးတွင်းသို့ TNLA စစ်ကြောင်းများဖြင့် စျေးတွင်းသို့ ဝင်ရောက်လာသောကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေကြသည်။

ယနေ့နံနက် ၈:၅၀ အချိန်ခန့်ကစပြီး TNLA တပ်သားများသည် နမ့်ခမ်းမြို့အရှေ့တောင်ဘက် ကောင်းဆာကျေးရွာမှတဆင့် ခြောက်ဘီးကား နှစ်စီးဖြင့် မြို့တွင်းသို့ဝင်လာကြောင်း၊ နမ့်ခမ်းမြို့မစျေး ၊ နမ့်ခမ်းပြည်သူ့ဆေးရုံအနီး (အင်အား ၆၀ ခန့်ရှိ) နှင့် လေယာဉ်ကွင်းဘက်သို့လည်းကောင်း လှုပ်ရှားနေကြောင်း သိရသည်။

ဒေသခံတစ်ဦး၏ ပြောပြချက်အရ – TNLA တပ်သားအများအပြားသည် စစ်ဝတ်စုံ လက်နက်အပြည့်အစုံဖြင့် နမ့်ခမ်းမြို့မစျေးတွင်းသို့ရောက်ရှိလာပြီး TNLA တံဆိပ်ပါပြီး၊ မိုင်းကိုအောင်  အခွန်များဦးစီးဌာန ဆိုသည့် စာသားပါ ဆက်ကြေးကောက်ခံသည့် စာရွက်များ လိုက်ဝေနေကြောင်း ဆိုသည်။

စျေးတွင်းသို့ TNLA တပ်သားများ ဝင်ရောက်လာမှုကြောင့် စျေးသူစျေးသားများ စိုးရိမ်ထိတ်လန့်ကာ အလျင်အမြန် ဆိုင်များပိတ်သိမ်းထားရကြောင်း သိရသည်။

နမ့်ခမ်းမြို့မစျေးထဲ TNLA စစ်ကြောင်းများဖြင့် ဆက်ကြေးကောက်ခံနေ

နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်သားများနှင့် ရဲစခန်းများရှိသော်လည်း ယခုလို  TNLA တပ်သားများက မကြောက်မရွံ့သွားလာလှုပ်ရှားကာ ဒေသခံများထံ ဆက်ကြေး အဓမ္မတောင်းခံနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၄) ရက်နေ့ကလည်း နမ့်ခမ်းမြို့မစျေးထဲ အခွန်လာကောက်သည့် TNLA တပ်သား (၂) ဦး ပစ်ခတ်ခံရလို့ သေဆုံးသွားခဲ့သလို ဇန်နဝါရီလ ၅ ရက်နေ့မှာ TNLA စစ်ကြောင်းများ ဝတ်စုံလက်နက်အပြည့်ဖြင့် နမ့်ခမ်းမြို့မစျေးထဲ ရောက်ချလာကြောင်း သိရှိရသည်။

ဒီကနေ့ TNLA စစ်ကြောင်းများ နမ့်ခမ်းစျေးထဲ ဆက်ကြေးထပ်မံလာကောက်တာဟာ ၂၀၂၂ ခုနှစ်အတွက်လို့ ပြောနေတာရှိသလို ဒေသခံအချို့ကလည်း ဆက်ကြေးမပေးလျှင် လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြရကြောင်း နမ့်ခမ်းမြို့ခံများက ပြောဆိုနေကြသည်။

Taifreedom

Facebook

သတင်း